SJ WorldNews - шаблон joomla Авто

ယခုနှစ် နိုဝင်ဘာလကုန်အထိ ပြည်တွင်းသို့ တရုတ်နိုင်ငံမှ ခရီးသွားဧည့်သည် ရှစ်သိန်းကျော် ၀င်ရောက်

Monday, 02 December 2019 13:18 font size decrease font size decrease font size increase font size increase font size

ပြည်တွင်းသို့ နိုင်ငံခြားခရီးသွား ဧည့်သည်ဝင်ရောက်မှုတွင် ၂၀၁၉ ခုနှစ် ဇန်န၀ါရီလမှ နိုဝင်ဘာလကုန်အထိ တရုတ်နိုင်ငံမှ ခရီးသွားဧည့်သည် ရှစ်သိန်းကျော် ၀င်ရောက်ကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်းမှ သိရသည်။

““တရုတ်နိုင်ငံအပါအ၀င် နိုင်ငံလေးနိုင်ငံကို ဗီဇာဖြေလျှော့ပေးထားတဲ့ အပြင် တစ်နှစ်သက်တမ်း တိုးပေးထားပါတယ်။ တရုတ်နိုင်ငံက ခရီးသွားဧည့်သည် ၀င်ရောက်မှု သိသိသာသာ များလာပါတယ်။  ဒါပေမဲ့ အောက်တိုဘာလ ကစပြီး   ဗီဇာဖြေလျှော့ပေးတဲ့  နိုင်ငံတချို့က  ခရီးသွားဧည့်သည် ၀င်ရောက်မှု သိသိသာသာ တက်မလာဘူး၊ နည်းနေပါသေးတယ်””ဟု မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးနောင်းနောင်းဟန် က ပြောသည်။

ဗီဇာဖြေလျှော့မှုကြောင့် အောက်တိုဘာ ၁ ရက်မှစ၍ သြစတြေးလျနိုင်ငံမှ ၁၆၅၅၆ ဦးဖြင့် အများဆုံးဝင်ရောက်ခဲ့ပြီး  ဂျာမနီနိုင်ငံမှ ၁၅၅၆၇ ဦး၊ အီတလီနိုင်ငံမှ ၁၁၆၆၃ ဦး၊   စပိန်နိုင်ငံမှ  ၈၉၀၆  ဦး၊ ဆွစ်ဇာလန်နိုင်ငံမှ  ၄၆၂၂  ဦးနှင့်  ရုရှားနိုင်ငံမှ ၂၅၃၆ ဦး ၀င်ရောက်ခဲ့သည်။

မျှော်မှန်းသလောက် ခရီးသွားဝင်ရောက်မှု တိုးတက်လာခြင်း မရှိသည်မှာ တိုက်ရိုက် လေကြောင်းလိုင်းများ မရှိသဖြင့် Transit  စနစ်ဖြင့်စီးနင်းကာ လာရောက်ရသည့်အတွက် စရိတ်ပိုမိုကုန်ကျခြင်းကြောင့် ဖြစ်ကြောင်း၊ ပြီးခဲ့သည့်နှစ်က နိုင်ငံခြား ခရီးသွားဧည့်သည်     သုံးသန်းကျော် ၀င်ရောက်ခဲ့ပြီး ယခုနှစ်တွင် လေးသန်းကျော် ၀င်ရောက်ရန် မျှော်မှန်းထားကြောင်း သိရသည်။

လက်ရှိတွင် ပြည်တွင်းသို့ အနောက်နိုင်ငံများမှ ခရီးသွား ဧည့်သည်ဝင်ရောက်မှု  လျော့နည်းနေသော်လည်း    ဥရောပနှင့် အာရှနိုင်ငံများမှ ၀င်ရောက်သည့်  ခရီးသွား ဧည့်သည်များပြားကြောင်း၊  ယခုနှစ်တွင်  တရုတ်နိုင်ငံမှ  ခရီးသွား ဧည့်သည် ၈၅၂၉၁၃ ဦး ၀င်ရောက်ကာ Zero Budget  ခရီးသွားများနှင့် ပတ်သက်၍ ထိန်းချုပ်နိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။       

Read 27 times Last modified on Monday, 02 December 2019 13:20