SJ WorldNews - шаблон joomla Авто

လိုင်စင်မရှိဘဲ ပြည်တွင်း အလုပ်အကိုင် ရှာဖွေရေးလုပ်ငန်း လုပ်ကိုင်နေသူများကို အရေးယူမည်

Monday, 02 December 2019 13:20 font size decrease font size decrease font size increase font size increase font size

တရားဝင် လိုင်စင်မရှိဘဲ ပြည်တွင်းအလုပ်အကိုင် ရှာဖွေရေးလုပ်ငန်း  လုပ်ကိုင်နေသူများကို အရေးယူမည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနမှ သိရသည်။

ပြည်တွင်း  အလုပ်အကိုင်ရှာဖွေရေး လုပ်ငန်းလုပ်ကိုင်မည် ဆိုပါက  တရားဝင် အသိအမှတ်ပြု  အလုပ်အကိုင် ရှာဖွေရေး လိုင်စင်များကို   သတ်မှတ်ချက်များနှင့် အညီထုတ်ပေးနေပြီး လိုင်စင်လျှောက်ထား ရယူခြင်း မရှိဘဲ    လုပ်ငန်း လုပ်ကိုင်နေပါက  ၂၀၁၃ ခုနှစ် အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုး တိုးတက်ရေးဥပဒေအရ သုံးနှစ်ထက်မပိုသော ထောင်ဒဏ်  ချမှတ်အရေးယူ ခံရမည်ဟု   နိုဝင်ဘာ    ၂၉  ရက်က အလုပ်သမား ညွှန်ကြားရေးဦးစီး ဌာနမှ  ကြေညာချက် ထုတ်ပြန်ထားသည်။

““တရားမ၀င် လုပ်ဆောင်နေတာတွေ ပိုများလာလို့  တိုင်ကြားချက်တွေ ရှိတယ်။ ဒါကြောင့် ထိထိရောက်ရောက် အရေးယူဖို့  အခုလို ကြေညာလိုက်တာပါ””ဟု  အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနမှ  တာဝန်ရှိသူ တစ်ဦးကပြော သည်။

ယင်းကဲ့သို့   ပြည်တွင်း အလုပ်အကိုင် ရှာဖွေရေးလုပ်ငန်း  တရားမ၀င် လုပ်ကိုင် နေသည်ကို တွေ့ရှိပါက   အလုပ်သမား၊  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန အလုပ်သမား ညွှန်ကြားရေးဦးစီး ဌာနရုံးချုပ် (ရန်ကုန်)နှင့်  မန္တလေးတိုင်း ဒေသကြီး အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနရုံးများသို့  ဆက်သွယ်တိုင်ကြားနိုင်ကြောင်း သိရသည်။          

Read 19 times Last modified on Monday, 02 December 2019 13:21