SJ WorldNews - шаблон joomla Авто

ရန်ကုန်စတော့ဈေးကွက်၌ ငါးရက်တာ ကာလအတွင်း ငွေကျပ် သန်း ၂၀၀ ကျော် အရောင်းအ၀ယ်ရှိ

Monday, 02 December 2019 13:22 font size decrease font size decrease font size increase font size increase font size

နိုဝင်ဘာ ၂၅  ရက်မှ  ၂၉ ရက်အထိ ငါးရက်တာ ကာလအတွင်း ရန်ကုန် စတော့ရှယ်ယာ ရောင်းဝယ်မှုတန်ဖိုး ငွေကျပ် သန်း၂၀၀ ကျော် ရှိခဲ့ကာ နိုဝင်ဘာ  ၁၈ ရက်မှ ၂၂  ရက်အထိ  ရောင်းဝယ်မှုနှင့် နှိုင်းယှဉ်ပါက    လျော့ကျ သွားကြောင်း  ရန်ကုန်စတော့အိတ်ချိန်း၏ စာရင်းများအရ သိရသည်။

နိုဝင်ဘာ ၁၈ ရက်မှ ၂၂ ရက်အထိ    စတော့ရှယ်ယာ အစောင်ရေ   ၄၀၉၆၅ စောင်မှ စတော့ရှယ်ယာ ရောင်းဝယ်မှုတန်ဖိုး   ငွေကျပ်   ၃၀၀၁၇၅၄၅၀ ရှိခဲ့ပြီး နိုဝင်ဘာ ၂၅ ရက်မှ ၂၉  ရက်အထိ စတော့ရှယ်ယာ အစောင်ရေ ၃၁၅၈၈ စောင်မှ   စတော့ ရှယ်ယာရောင်းဝယ်မှု တန်ဖိုး    ငွေကျပ် ၂၁၇၁၀၁၉၀၀  ရှိ၍   ပြီးခဲ့သည့်တစ်ပတ် တာကာလ ရောင်းဝယ်မှုနှင့် နှိုင်းယှဉ်ပါက   လျော့ကျသွားကြောင်း သိရသည်။

““စတော့ဈေးကွက်က  စည်းမျဉ်းစည်းကမ်း ထုတ်တဲ့အပိုင်း   နည်းနည်းနှောင့် နှေးနေပါတယ်။ အဲဒါတွေကို  အားမလို အားမရဖြစ်ကြတယ်။၊  နောက်ပြီး   သက် ဆိုင်ရာ စာရင်းဝင် ကုမ္ပဏီတွေက ရောင်းချသူတွေနဲ့ ဆက်သွယ်မှု အားနည်းတယ်””ဟု စတော့ဈေးကွက် ကျွမ်းကျင်သူတစ်ဦးက သုံးသပ်ပြောသည်။

စာရင်းဝင်ကုမ္ပဏီတစ်ခုချင်းစီ၏ ရောင်းဝယ်မှု   အခြေအနေများ အလိုက် ကြည့်မည်ဆိုပါက  စတော့အိတ်ချိန်း၏ ပထမဆုံးစာရင်းဝင် ကုမ္ပဏီဖြစ်သည့် First Myanmar  Investment Public  Co., Ltd. (FMI) အနေဖြင့်  နိုဝင်ဘာ ၁၈ ရက်မှ ၂၂ ရက်အထိ   စတော့ရှယ်ယာ အစောင်ရေ  ၁၁၆၀၆  စောင်မှ  စတော့ရှယ်ယာ ရောင်းဝယ်မှု တန်ဖိုး   ငွေကျပ်  ၁၃၈၆၇၃၀၀၀  ရှိခဲ့ပြီး  နိုဝင်ဘာ   ၂၅ ရက်မှ  ၂၉  ရက်အထိ   စတော့ရှယ်ယာ အစောင်ရေ  ၁၀၄၃၂  စောင်မှ စတော့ ရှယ်ယာ ရောင်းဝယ်မှုတန်ဖိုး   ငွေကျပ် ၁၂၀၀၈၂၀၀၀ ရှိသဖြင့် FMI၏ စတော့ရှယ်ယာ အစောင်ရေနှင့်   ရောင်းဝယ်မှုတန်ဖိုးမှာ  ပြီးခဲ့သည့် တစ်ပတ်နှင့်နှိုင်းယှဉ် ပါက လျော့ကျမှုရှိခဲ့သည်။

ဆက်လက်၍  စတော့အိတ်ချိန်းတွင် ဒုတိယမြောက် စာရင်းဝင် ကုမ္ပဏီဖြစ်သည့် First Myanmar  Investment Public  Co., Ltd. (FMI) အနေဖြင့် နိုဝင်ဘာ ၁၈ ရက်မှ  ၂၂  ရက်အထိ စတော့ရှယ်ယာတစ်စုတန်ဖိုး    ငွေကျပ် ၃၈၀၀ မှ ၃၈၅၀ ဖြင့် ရှယ်ယာအစောင်ရေ ၂၅၉၅၉ စောင်မှ စတော့ရှယ်ယာ ရောင်းဝယ်မှုတန်ဖိုး   ငွေကျပ်   ၉၉၅၂၁၆၅၀  ရှိခဲ့ပြီး  နိုဝင်ဘာ ၂၅ ရက်မှ ၂၉ ရက်အထိ  စတော့ရှယ်ယာ တစ်စုတန်ဖိုး   ငွေကျပ် ၃၈၅၀  မှ  ၄၀၀၀ ဖြင့် စတော့ရှယ်ယာ အစောင်ရေ  ၁၆၁၉၄  စောင်နှင့်  စတော့ ရှယ်ယာ ရောင်းဝယ်မှုတန်ဖိုး     ငွေကျပ် ၆၃၅၂၅၅၅၀ ရှိခဲ့၍   MTSH အနေဖြင့်   စတော့ရှယ်ယာ တစ်စောင်တန်ဖိုး လျော့ကျမသွားသော်လည်း စတော့ရှယ်ယာ အစောင်ရေနှင့်  ရောင်းဝယ်မှုတန်ဖိုး လျော့ကျခဲ့သည်။

စတော့အိတ်ချိန်းတွင် တတိယမြောက် စာရင်းဝင် ကုမ္ပဏီဖြစ်သည့်   မြန်မာနိုင်ငံ သားများဘဏ် (Myanmar Citizens Bank - MCB) အနေဖြင့် နိုဝင်ဘာ ၁၈ ရက်မှ  ၂၂  ရက်အထိ စတော့ရှယ်ယာ အစောင်ရေ ၂၁၉  စောင်မှ စတော့ရှယ်ယာ ရောင်းဝယ်မှု တန်ဖိုး ငွေကျပ် ၁၈၁၆၄၀၀ ရှိခဲ့ပြီး နိုဝင်ဘာ ၂၅ ရက်မှ ၂၉ ရက်အထိ   စတော့ရှယ်ယာ အစောင်ရေ ၂၈၂ စောင်မှ စတော့ရှယ်ယာ ရောင်းဝယ်မှုတန်ဖိုး ငွေကျပ် ၂၃၃၉၈၀၀ ရှိ၍ MCB    စတော့ ရှယ်ယာအစောင်ရေနှင့် တန်ဖိုးမှာ  အနည်းငယ် တိုးတက်မှုရှိကြောင်း သိရသည်။

အလားတူ  စတော့အိတ်ချိန်းတွင် စတုတ်္ထမြောက် စာရင်းဝင် ကုမ္ပဏီဖြစ်သည့် ပထမပုဂ္ဂလိကဘဏ် လီမိတက်    (င်္ First Private Bank Limited - FPB) အနေဖြင့်လည်း  နိုဝင်ဘာ  ၁၈  ရက်မှ ၂၂ ရက် အထိ ရှယ်ယာအစောင်ရေ ၂၅၆၂  စောင်မှ စတော့ရှယ်ယာရောင်းဝယ်မှု တန်ဖိုး ငွေကျပ် ၅၈၃၁၃၅၀၀ ရှိခဲ့ပြီး  နိုဝင်ဘာ ၂၅  ရက်မှ   ၂၉  ရက်အထိ စတော့ရှယ်ယာ အစောင် ရေ  ၈၇၉  စောင်မှ  စတော့ရှယ်ယာ ရောင်း ၀ယ်မှုတန်ဖိုး ငွေကျပ် ၂၀၁၇၅၅၀၀ ရှိ၍  FPB ၏ စတော့ရှယ်ယာ အစောင်ရေနှင့် ရောင်းဝယ်မှုတန်ဖိုး လျော့ကျခဲ့သည်။

ပဉ္စမမြောက်အဖြစ် နောက်ဆုံးစာရင်းဝင် ကုမ္ပဏီဖြစ်သည့် TMH  Telecom Public Co.,Ltd. မှ နိုဝင်ဘာ ၁၈ ရက်မှ ၂၂ ရက်အထိ စတော့ရှယ်ယာ အစောင်ရေ ၆၁၉ စောင်မှ စတော့ရှယ်ယာ ရောင်းဝယ်မှု တန်ဖိုး ငွေကျပ် ၁၈၅၀၉၀၀ ရှိခဲ့ပြီး နိုဝင်ဘာ ၂၅ ရက်မှ  ၂၉ ရက်အထိ  စတော့ရှယ်ယာ အစောင်ရေ  ၃၈၀၁  စောင်မှ  စတော့ရှယ်ယာ ရောင်းဝယ်မှုတန်ဖိုး ငွေကျပ် ၁၀၉၇၉၀၅၀ ရှိခဲ့၍ TMH    စတော့ရှယ်ယာ အစောင်ရေနှင့် ရောင်းဝယ်မှု တန်ဖိုး မြင့်တက်ခဲ့သည်။

ယခုကဲ့သို့   စာရင်းဝင်ကုမ္ပဏီ ငါးခု၏ ငါးရက်တာ ရောင်းဝယ်မှုများကိုကြည့်ပါက စာရင်းဝင်ကုမ္ပဏီနှစ်ခု၏  ရောင်းဝယ်မှုမှာ  ပြီးခဲ့သည့်တစ်ပတ်ထက် တိုးတက်ခဲ့သော်လည်း ကျန်စာရင်းဝင် ကုမ္ပဏီ သုံးခု၏ ရောင်းဝယ် မှု   လျော့ကျခဲ့သဖြင့် ယခုတစ်ပတ်၏    စတော့ရှယ်ယာရောင်းဝယ်မှု လျော့ကျခြင်းဖြစ်ကြောင်း     သိရသည်။

လာမည့်တစ်ပတ်အတွက် စတော့ရှယ်ယာ ရောင်းဝယ်မှုမှာ   သက်ဆိုင်ရာ လုပ်ငန်းစဉ် များ၏  သတင်းထုတ်ပြန်မှုအပေါ် မူတည်၍   အရောင်းအ၀ယ်ဖြစ်နိုင်ကြောင်း     ရေးသား တင်ပြလိုက်ရပါသည်။                      

Read 15 times Last modified on Monday, 02 December 2019 13:23