SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ပြည်ထောင်စု ရာထူးဝန်အဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

Saturday, 30 September 2017 09:22 font size decrease font size decrease font size increase font size increase font size

ပြည်ထောင်စု ရာထူးဝန်အဖွဲ့၏ ၂ဝ၁၇ခုနှစ် သုံးလပတ်လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၃/၂ဝ၁၇)ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ပြည်ထောင်စု ရာထူးဝန်အဖွဲ့ အစည်းအဝေး ခန်းမ၌ ကျင်းပရာ ပြည်ထောင်စု ရာထူးဝန် အဖွဲ့ဥက္ကဋ္ဌ ဒေါက် တာဝင်းသိမ်း တက်ရောက် အမှာစကား ပြောကြားသည်။

ထို့နောက် ပြည်ထောင်စု ရာထူးဝန်အဖွဲ့၊ ဥက္ကဋ္ဌရုံးအဖွဲ့၊ ဦးစီးဌာနများနှင့် ဗဟိုဝန်ထမ်း တက္ကသိုလ်များမှ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခချုပ်များနှင့် ဒုတိယ အမြဲတမ်း အတွင်းဝန်တို့က ၂ဝ၁၇ ခုနှစ် ဇွန်လမှ သြဂုတ်လအထိ သုံးလပတ်လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများအပေါ် သုံးသပ်ခြင်းနှင့် ၂ဝ၁၇ ခုနှစ် စက်တင်ဘာ လမှဒီဇင်ဘာလအထိ ရှေ့လုပ်ငန်း အစီအစဉ်များကို အသီးသီးရှင်းလင်း တင်ပြခြင်း ဆောင်ရွက်ခဲ့ကြပြီး ပြည်ထောင် စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌက တင်ပြချက်များနှင့် စပ်လျဉ်း၍ နိဂုံးချုပ် ဖြည့်စွက် အမှာစကား ပြောကြားသည်။

လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ ပြည်ထောင်စု ရာထူးဝန်အဖွဲ့၊ အဖွဲ့ဝင်များ၊ ဗဟိုဝန်ထမ်း တက္ကသိုလ်များမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

Read 402 times Last modified on Saturday, 30 September 2017 09:40