SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ယစ်မျိုး အက်ဥပဒေနှင့် မြေသိမ်း အက်ဥပဒေတို့အား အသစ်ရေးဆွဲနိုင်ရေး အလုပ်ရုံ ဆွေးနွေးပွဲ ဒုတိယနေ့နှင့် တတိယနေ့ ကျင်းပ

Saturday, 30 September 2017 09:22 font size decrease font size decrease font size increase font size increase font size

ပြည်ထဲရေး ဝန်ကြီးဌာန၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ကျင့်သုံးလျက်ရှိသော ဥပဒေ ၁၉ ခုအနက်မှ ၁၉၁၇ ခုနှစ်၊ ယစ်မျိုး အက်ဥပဒေနှင့် ၁၈၉၄ ခုနှစ်၊ မြေသိမ်းအက် ဥပဒေတို့အား အသစ်ရေးဆွဲနိုင်ရေး အလုပ်ရုံ ဆွေးနွေးပွဲ ကို စက်တင်ဘာ ၂၇ ရက်မှ ၂၉ရက်အထိ ပြည်ထဲရေး ဝန်ကြီးဌာန စု စည်းခန်းမ၌ ကျင်းပခဲ့ရာ ပထမနေ့တွင် ပြည်ထဲ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယ ဝန်ကြီးတို့က တက်ရောက် ဖွင့်လှစ်ပေးခဲ့ပြီး ဒုတိယနေ့နှင့် တတိယ နေ့တို့တွင် ပြည်ထဲရေး ဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန်၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးတင်မြင့်က ဆက် လက် ဦးဆောင် ဆွေးနွေးခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ် ရေးကော်မရှင် အဖွဲ့ဝင်များ၊ ပြည်ထဲရေး ဝန်ကြီးဌာနအောက်ရှိ တပ်ဖွဲ့/ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြည်ထဲရေး ဝန်ကြီးဌာန ဥပဒေရေးရာ အကြံပေး ကော်မတီဝင်များ၊ ဆက်စပ်ဌာန ဆိုင်ရာများမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ပြည်နယ် အုပ်ချုပ်ရေးမှူးများနှင့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ အငြိမ်းစား အရာရှိကြီးများ စုစုပေါင်း အင်အား ၅ဝ ဦး တက်ရောက်ခဲ့သည်။

အလုပ်ရုံဆွေးနွေးပွဲတွင် အမြဲတမ်း အတွင်းဝန်က ၁၉၁၇ ခုနှစ်၊ ယစ်မျိုးစီမံခန့်ခွဲရေး ဥပဒေအသစ် ပြန်လည်ရေးဆွဲရေး ကိုပထမနေ့တွင် လည်းကောင်း၊ ၁၈၉၄ ခုနှစ်၊ မြေသိမ်း အက်ဥပဒေကို ဒုတိယနေ့တွင် လည်းကောင်း ဆွေးနွေးခဲ့ကြ ပြီး ယခုတတိယနေ့တွင် ပြန်လည်သုံးသပ် ဆွေးနွေးပွဲ ဆောင် ရွက်ခြင်း ဖြစ်ကြောင်း။ တက်ရောက် လာကြသူများ အနေဖြင့် ယစ်မျိုးအက်ဥပဒေနှင့် မြေသိမ်း အက်ဥပဒေတို့အား အသစ်ပြန်လည် ရေးဆွဲရေးတွင် ဥပဒေအားနည်းချက်များ မဖြစ်ပေါ်စေရေးနှင့် ဥပဒေရေးထုံး/ ရေးနည်း မှန်ကန်စေရေးနှင့် အများပြည်သူ အကျိုးစီးပွားအတွက် ရည်ရွယ်၍ အထူးဂရုပြု ဆွေးနွေးဆောင်ရွက် ပေးကြသည့်အတွက် ခေတ်ကာလနှင့်လျောညီ ပြည့်စုံကောင်းမွန်သော ဥပဒေ တစ်ရပ်စီအား ရရှိကြမည်ဖြစ်ကြောင်း။

ယခုအလုပ်ရုံဆွေးနွေးပွဲ သုံးရက်အတွင်း အသစ်ပြင်ဆင်ရေးဆွဲမည့် ယစ်မျိုးအက် ဥပဒေ(မူကြမ်း)၊ အခန်း (၁၅) ခန်း၊ ဥပဒေပုဒ်မ ၇၆ ခုနှင့် မြေသိမ်းအက်ဥပဒေ(မူကြမ်း)၊ အခန်းပေါင်းကိုးခန်း၊ ဥပဒေပုဒ်မ ၆၉ ခုတို့အပေါ် တက်ရောက် ကြသူများက အကြံကောင်း၊ ဥာဏ်ကောင်းများဖြင့် ပွင့်လင်းမြင်သာစွာ ပါဝင်ဆွေးနွေးပေးကြသည့် အတွက်လည်း အထူးကျေးဇူးတင်ကြောင်း။ တက်ရောက်လာကြသူများ အနေဖြင့် ဆွေးနွေးပွဲ သုံးရက်အတွင်း ယစ်မျိုးအက် ဥပဒေ၊ မြေသိမ်းအက်ဥပဒေတို့နှင့် ပတ်သက်၍ အများပြည်သူ အကျိုးစီးပွားအတွက် ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက် ပေးနိုင်ရန် ရည်ရွယ်၍ ၂ဝဝ၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အမျိုးသား အကျိုးစီးပွားနှင့် ရလဒ်ကောင်းများကို အထူးဖော်ဆောင်ပေးနိုင်သည့် ထိရောက်သော အလုပ်ရုံဆွေးနွေးပွဲတစ်ခုဖြစ်အောင် ပါဝင်ဆွေးနွေး ပေးခဲ့ကြသည့်အတွက် မှတ်တမ်းတင် ဂုဏ်ပြုကြောင်း ပြောကြား၍ အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သတင်းရရှိသည်။

Read 403 times Last modified on Saturday, 30 September 2017 09:41