SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

သံဃာတော်အပါး ၁၈ဝဝ သီလရှင် အပါး ၂ဝဝ အား ဆွမ်းဆန်တော် စုပေါင်း လောင်းလှူ

Saturday, 30 September 2017 09:55 font size decrease font size decrease font size increase font size increase font size

ကရင်ပြည်နယ် ဘားအံမြို့ ရွှေယဉ်မျှော် ပြည်တော်ဧ စေတီတော်၌ အကြိမ်(၇ဝ)မြောက် မြို့လုံးကျွတ် ဆွမ်းဆန်တော် လောင်းလှူပွဲကြီးကို ကရင်ပြည်နယ် အစိုးရအဖွဲ့မှ ကြီးမှူး၍ ယနေ့ နံနက် ၇ နာရီတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပကြသည်။

ဆွမ်းဆန်စိမ်း လောင်းလှူပွဲကြီးတွင် ဘားအံမြို့ပေါ်ရှိ ဘုန်းတော်ကြီး ကျောင်းတိုက် ၄၆ ကျောင်းမှ သံဃာတော်အပါး ၁၈ဝဝ၊ သီလရှင် စာသင်တိုက်ရှစ်ကျောင်းမှ သီလရှင်အပါး ၂ဝဝ စုစုပေါင်း အပါး ၂ဝဝဝ တို့အား နာယကဆရာတော် ကြီးများ ဦးဆောင်ကာ ရွှေယဉ်မျှော် ပြည်တော်ဧ စေတီတော်ရှေ့ သီတာအနောက်လမ်းမှ စတင်ကာ ဆွမ်းဆန်စိမ်း အလှူခံခြင်းနှင့် အပူဇော်ခံကြရာ ကရင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူ စေတ နာရှင်များက လောင်းလှူပူဇော်ကြသည်။

ဆက်လက်၍ ဆရာတော်၊ သံဃာတော်၊ သီလရှင်များသည် သီတာအနောက်လမ်းမှ တစ်ဆင့် သစ္စာလမ်း၊ ဆယ်အိမ်စု လမ်းများအတိုင်း ရပ်ကွက်များအတွင်း ဆွမ်းဆန်စိမ်း အလှူခံကြပြီး ရပ်ကွက်များအတွင်း သုံးရက်တိုင်တိုင် နံနက်တိုင်း ဆွမ်းဆန်စိမ်း အလှူခံမည်ဖြစ်ကြောင်း သိရသည်။

Read 344 times Last modified on Saturday, 30 September 2017 09:58