SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

မြန်မာနိုင်ငံ အတွင်း ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် ပြည်တွင်းပြည်ပ လုပ်ငန်း ၂၇ ခု ခွင့်ပြုရန် ကျန်ရှိ

Saturday, 30 September 2017 09:55 font size decrease font size decrease font size increase font size increase font size

မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် အဆိုပြုလွှာ တင်ထားသည့် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှု လုပ်ငန်း စုစုပေါင်း ၂၇ ခု၊ ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၁၈၃၄ သန်းကျော် စိစစ်ခွင့်ပြုပေးရန် ရှိနေသေးကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

'' အခုကျွန်တော်တို့ လက်ထဲမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ၁၅ ခုလောက်ရှိတယ်။ ရင်းနှီးမြှုပ်နှံမှုပမာဏက အမေရိကန် ဒေါ်လာသန်း ၄ဝဝ ကျော်ပေါ့။ မြန်မာနိုင်ငံသားက ကျွန်တော်တို့ လက်ထဲမှာ ၁၂ ခုလောက်ရှိတယ်။ အမေရိကန်ဒေါ်လာ ၁၄၃၄သန်းပါ'' ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များ ညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန် ကြားရေးမှူးချုပ် ဦးဆန်းမြင့်ကပြောသည်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်အရ လယ်ယာကဏ္ဍ စိုက်ပျိုးထုတ် လုပ်ဝန်ဆောင်မှုနှင့် စိုက်ပျိုးရေး အခြေခံတန်ဖိုးမြှင့် ကုန်ထုတ်လုပ်ငန်းများ၊ တိရစ္ဆာန်မွေးမြူ ထုတ်လုပ်ခြင်းနှင့် ရေထွက်ပစ္စည်းမွေးမြူ ထုတ် လုပ်ခြင်းများ၊ ပို့ကုန်မြှင့်တင်နိုင်မည့် ကုန်ထုတ်လုပ်ငန်းများ၊ သွင်းကုန်အစားထိုး လုပ်ငန်းများ၊ လျှပ်စစ်ဓာတ်အားပေးရေး ကဏ္ဍများ၊ ထောက်ပံ့ပို့ဆောင်မှုဆိုင်ရာ လုပ်ငန်းများ၊ ပညာရေးဝန်ဆောင်မှု လုပ်ငန်းများ၊ ကျန်းမာရေးဆိုင်ရာ လုပ်ငန်းများ၊ တန်ဖိုးနည်းအိမ်ရာ တည်ဆောက်ခြင်း လုပ်ငန်းများနှင့် စက်မှုမြို့တော် တည်ဆောက်မှု လုပ်ငန်းများ စသည့်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အမျိုးအစားများ၌ တင်ပြလာသည့် အဆိုပြုလွှာများကို ဦးစားပေး ဆောင်ရွက်ပေးနေကြောင်း သိရသည်။

''အဓိကကတော့ စက်မှုလုပ်ငန်းက အများဆုံးပေါ့။ ဘာလို့လဲဆိုတော့ စက်မှုဆိုတာ အထည်ချုပ်တို့ အဲ့ထဲမှာကျန်နေတာ လျှပ်စစ်က နှစ်ခုကျန်တယ်။ ကျန်တဲ့ဟာတွေကတော့ သိပ်မများပါဘူး။ စိုက်ပျိုးရေးတို့ မွေးမြူရေးတို့ အဲ့ဒါမျိုးတွေ ပါ။ အဓိကကတော့ စက်မှုကဏ္ဍမှာ CMP ပေါ့'' ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဆန်းမြင့်က ပြောသည်။

Read 349 times Last modified on Saturday, 30 September 2017 09:58