SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

မြစ်ကမ်းပါး ပြိုကျသဖြင့် ပြောင်းရွှေ့သည့် အိမ်ထောင်စုများအား ထောက်ပံ့ငွေ ပေးအပ်

Saturday, 30 September 2017 09:58 font size decrease font size decrease font size increase font size increase font size

ဧရာဝတီတိုင်း ဒေသကြီး ပန်းတနော်မြို့နယ် တော်ကျောင်းကျေးရွာအုပ်စု ဒေါင့်ကြီးကျေးရွာ ရတနာသိင်္ဂီ ဘုန်းတော် ကြီးကျောင်း၌ ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက မအူပင်ခရိုင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဦးစီးဌာနမှ မြစ်ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွှေ့ရသည့် အိမ်ထောင် စုများအား ထောက်ပံ့ငွေပေးအပ်ပွဲ ကျင်းပ ကြောင်း သိရသည်။

အခမ်းအနားတွင် စက်တင်ဘာ ၄ ရက် မှ ၂၂ ရက်အတွင်း ပန်းတနော်မြို့နယ်၌ မြစ်ကမ်းပါးပြိုကျမှုကြောင့် ကမ်းပါး နှင့်လွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရသည့် ရေပေါ်ကြီး ကျေးရွာအုပ်စု ကုလားမချောင်းကျေးရွာနှင့် အောက်ဒေါင့်ကြီး ကျေးရွာတို့မှ အိမ်ထောင်စု ၄၆ စုအတွက် ထောက်ပံ့ငွေကျပ် ၄၆ သိန်း၊ လူ ဦးရေ ၂ဝ၂ ဦးအတွက် တစ်ဦးလျှင် ဆန်ရိက္ခာ ထောက်ပံ့ငွေကျပ် ၂၁ဝဝ နှုန်းဖြင့် ငွေကျပ် ၄၂၄၂ဝဝ နှင့် ကယ်ဆယ်ရေးပစ္စည်း ၁ဝ မျိုးတို့ကို လည်းကောင်း၊ အ ထက်က ဇင်းတောကျေးရွာမှ အိမ်ထောင်စု ၁၈ စုအား ကယ်ဆယ်ရေးပစ္စည်း ၁ဝ မျိုးပါ ပုံး ၁၈ ပုံးကို လည်းကောင်း မအူပင်ခရိုင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန ဦးစီးမှူး ဦးသိန်းဇော်ထိုက်က ပေးအပ်ရာ အိမ်ထောင်စုဝင်များက လက်ခံရယူကြောင်း သိရသည်။

Read 360 times Last modified on Saturday, 30 September 2017 10:08