SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ် တိုက်ဖျက်ရေးနေ့ အခမ်းအနား ကျင်းပ

Saturday, 30 September 2017 09:55 font size decrease font size decrease font size increase font size increase font size

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန ဖယ်ခုံမြို့နယ်ရုံးမှ ကမ္ဘာ့ ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ ဟောပြောပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက ရှမ်းပြည်နယ် (တောင်ပိုင်း) ဖယ်ခုံမြို့နယ် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်ဇော်က အမှာစကား ပြောကြားပြီး မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန ဦးစီးမှူး ဒေါက်တာ အောင်ကိုလတ်က ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ ခွေးရူးရောဂါ ကြောက်စရာ ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးရာ ခွေးရူးရောဂါသည် ဗိုင်းရပ်ကြောင့်ြ ဖစ်သော လူနှင့်တိရစ္ဆာန်တို့၏ အသက်ကို သေစေနိုင်သည့် ရောဂါဖြစ်ကြောင်း၊ ခွေး၊ ကြောင်၊ မြွေပါ၊ ခွေးအနှင့် မြေခွေးတို့တွင် ကူးစက်ပြန့်ပွားလေ့ရှိကြောင်း၊ ရောဂါရှိသော ခွေးမှတစ်ဆင့် အများဆုံးကူးစက်ခံရပြီး အသက်ဆုံးရှုံးနိုင်သဖြင့် ကြိုတင်ကာကွယ်ဆေး ထိုးရန် လိုအပ်ကြောင်းနှင့် မိမိအိမ်တွင် မွေးမြူထားသော ခွေး၊ ကြောင်များကို ခွေးရူးရောဂါ ကာကွယ်ဆေး မဖြစ်မနေထိုးနှံ ပေးရန် လိုအပ်ကြောင်း ဟောပြောသည်။

အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြကြောင်း သိရသည်။

Read 373 times Last modified on Saturday, 30 September 2017 10:09