SJ WorldNews - шаблон joomla Авто

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၏ ၂၀၁၉ ခုနှစ် တစ်နှစ်တာ ကာလအတွင်း ခြောက်သန်းမြောက် ခရီး သည်ကို ကြိုဆို

Sunday, 08 December 2019 13:57 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  ဒီဇင်ဘာ 

၂၀၁၉ ခုနှစ် တစ်နှစ်တာ ကာလအတွင်း ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် အသုံးပြုသူ ခရီးသည် ပမာဏ သည်  ဒီဇင်ဘာ    ရက်က ခြောက်သန်း ပြည့်မြောက် ခဲ့ပြီဖြစ်ပြီး ခြောက်သန်းမြောက် ခရီးသည် ကြိုဆိုခြင်း ကို ဒီဇင်ဘာ ၆ ရက်က ပြုလုပ်ခဲ့သည်။

ခြောက်သန်းမြောက် ခရီးသည်မှာ Indi-Go လေကြောင်းလိုင်းဖြင့် ကာလကတ်္တားမှ ရန်ကုန်မြို့သို့  စီးနင်း လိုက်ပါ လာသူ   Mr. Ameeramsa ဖြစ်ပြီး ၎င်းကို  Yangon Aerodrome Co.,Ltd. (YACL) မှ  ဂုဏ်ပြုပေးအပ်သော ဆုကြေးငွေ ငွေကျပ် တစ်သန်းအပြင် တခြားလက်ဆောင် ပစ္စည်းများ နှင့် YACL ၏ မိတ်ဖက်ကုမ္ပဏီများ ဖြစ်ကြသည့်Horizon Lake View Resort၊ Mingalar Sky Company Limited၊ Royal Golden Sky Company Limited၊ Espace Café& Bar၊ Craft Café၊  Krispy Kreme Doughnuts၊ Gloria Jean’s Café ESihf Monster Cheese  တို့မှ  လက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့သည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် နှစ်စဉ် တိုးတက်လာသော ခရီးသည် ပမာဏနှင့် အညီ ၀န်ဆောင်မှု များ တိုးချဲ့ ဆောင်ရွက်လျက် ရှိသည်။ ထို့ပြင် ခရီးသည် များနှင့်  လေကြောင်းလိုင်းများအတွက် အရည် အသွေး ပြည့်ဝသော  နိုင်ငံတကာ အဆင့်မီ ၀န်ဆောင်မှုများ ပေးနိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း သိရ သည်။ 

လင်းခန့်

Read 87 times Last modified on Sunday, 08 December 2019 13:58