SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ကျောက်စိမ်းဈေးကွက် အရောင်းအဝယ် ကျဆင်းကျောက်သွေး ကျောက်ဖြတ် လုပ်ငန်းများ ရပ်တည်ရန် ခက်ခဲလာ

Saturday, 30 September 2017 10:32 font size decrease font size decrease font size increase font size increase font size

မြန်မာပြည် အထက်ပိုင်း ကျောက်စိမ်း ရောင်းဝယ်ရာ မန္တလေးမြို့ မဟာအောင်မြေ ကျောက်မျက်ရတနာ ရောင်းဝယ် ရေးစခန်း၌ မိုးတွင်းကာလ ကျောက်စိမ်းအဝင်နည်းပြီး တရုတ်နိုင်ငံမှ ဝယ်လက်များ လာရောက်မှု နည်းသဖြင့် ကျောက်စိမ်း ဈေးကွက် အရောင်းအဝယ် ကျဆင်းနေပြီး ကျောက်သွေး၊ ကျောက်ဖြတ် လုပ်ငန်းလုပ်ကိုင်သူများ ရပ်တည်ရန် ခက်ခဲလာသည်။

အရည်အသွေး ကောင်းမွန်သော အရည်ကျောက်နှင့် ကျောက်စိမ်း လက်ကောက်များသာ အနည်းငယ် အရောင်းအဝယ်ရှိပြီး အသားကျောက်များ ဝယ်ယူသူ မရှိသလောက် နည်းပါးနေသည်။ ကျောက်စိမ်း အရောင်းအဝယ်အေးရသည့် အကြောင်းရင်းမှာ တရုတ်နိုင်ငံမှ ကျောက်စိမ်းဝယ်ယူမှုနည်းခြင်း၊ မန္တေ လးမြို့မှ တရုတ်နိုင်ငံသို့ ပို့ဆောင်ရာတွင် မန္တလေး-မူဆယ်လမ်း၌ စစ်ဆေးမှုများလာခြင်း၊ အဖမ်းအဆီးများလာခြင်း တို့ကြောင့်ဖြစ်ကြောင်း ကျောက်မျက် လုပ်ငန်းရှင်များထံမှ သိရသည်။ ကျောက်စိမ်းထွက်ရှိရာ ဖားကန့်ဒေသတွင် တစ်ပိုင်တစ်နိုင် ကျောက်တူးသူများ၊ ရေမဆေး ကျောက်လုပ်သားများလည်း မိုးတွင်းကာလ လုပ်ငန်းအဆင်မပြေသဖြင့် ဒေသပြန်ကြသူများပြီး လုပ်သားရှားပါးလျက် ရှိသည်။ရတနာမော ကျောက်မျက်ဈေးတွင်လည်း ကျောက်စိမ်းလက်ကောက်နှင့် ကျောက်စိမ်းရုပ်များသာ တရုတ်၊ ဂျပန်၊ ဟောင်ကောင်နိုင်ငံတို့မှ ဧည့်သည်များ ဝယ်ယူမှု အနည်းငယ်ရှိကြောင်း သိရသည်။

Read 370 times Last modified on Saturday, 30 September 2017 10:47