Print this page

သက်တမ်းလွန်ဆေးဝါးများနှင့် မှတ်ပုံတင်ထားခြင်း မရှိသော ဆေးဝါးများ ရောင်းချမှုရှိ မရှိစစ်ဆေး

Sunday, 08 December 2019 15:39 font size decrease font size decrease font size increase font size increase font size

ကသာ၊ ကျန်းမာရေး

စစ်ကိုင်းတိုင်း ဒေသကြီး ကသာခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) မှဦးဆောင်၍ သက်တမ်းလွန် ဆေးဝါးများနှင့် မှတ်ပုံတင်ထားခြင်း မရှိသော ဆေးဝါးများ ရောင်းချနေမှုရှိ၊ မရှိကို ဒီဇင်ဘာ ၆ ရက် နံနက်ပိုင်းတွင် ကသာမြို့ပေါ်တွင် ရောင်းချလျက်ရှိသော ဆေးဆိုင်များ၌ ရှောင်တခင် ကွင်းဆင်း စစ်ဆေး ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ရာတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA)၊ စားသုံးသူ ရေးရာ ဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေး ကော်မတီ၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနတို့မှ တာဝန် ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေး မှူးများ ပူးပေါင်း၍    ကသာမြို့ပေါ်ရှိ ဆေးဆိုင်များကို  ရှောင်တခင် စစ် ဆေး ခဲ့ပြီး သက်တမ်းလွန် ဆေးဝါးများ၊   မှတ်ပုံတင်ထားခြင်း မရှိသော ဆေးဝါးများ မရောင်းချရန် တားမြစ် ခြင်း၊ သိမ်းဆည်းခြင်း၊ ဆေးဝါးလိုင်စင် မပြုလုပ်ရသေးသည့် ဆိုင်များအား လိုင်စင်လျှောက်ထား ကြရန်နှင့် အသိပညာ ပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ကြောင်း သိရသည်။                

နိုင်လင်းထက်

Read 90 times Last modified on Sunday, 08 December 2019 15:46