SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ဥရုကြိုးဝိုင်းအတွင်း ပေါက်ရောက်လျက်ရှိသော သက်တမ်းရင့် ကညင်ပင်ကြီးများကို မှတ်တမ်းပြုစု ထိန်းသိမ်းရန် စီစဉ်

Saturday, 30 September 2017 10:32 font size decrease font size decrease font size increase font size increase font size

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ဥရုကြိုးဝိုင်းအတွင်းရှိ အကွက်အမှတ် (၇၈)နှင့် (၇၉)တို့တွင် ပေါက်ရောက် လျက်ရှိသော သက်တမ်းရင့် ကညင်ပင်ကြီးများကိုလာမည့် ပွင့်လင်းရာသီတွင် ပြုစုထိန်းသိမ်းနိုင်ရေး အတွက် ကွင်းဆင်းမှတ်တမ်းပြုစုခြင်းကို လုပ်ဆောင်မည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး သစ်တောဦးစီးဌာနမှ သိရသည်။

ဟုမ္မလင်းမြို့နယ် ဥရုကြိုးဝိုင်းအတွင်းရှိ အကွက်အမှတ် (၇၈)နှင့် (၇၉)တို့တွင် ကျွန်းပင်ကြီးများနှင့်အတူ သက်တမ်းရင့် ကညင်ပင်ကြီးများ ကျန်ရှိလျက်ရှိရာ ထူးခြားသည့် သစ်တော၏ သဘာဝကို လေ့လာဆန်းစစ်နိုင်ရန်နှင့် ပြုပြင် ထိန်းသိမ်းကာကွယ်နိုင်ရေးအတွက် ကွင်းဆင်းစစ်တမ်း ကောက်ယူရေးကို လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။ ''သစ်တော တော်တော်များများက သစ်မျိုးစုံအောင် ပေါက်ကြတယ်၊ အဲဒီတောမှာက ကျွန်းနဲ့ ကညင်ပင်တွေပဲ အများဆုံးပေါက်နေတာ တွေ့ရတယ်၊အဲဒီလို တောအမျိုးအစားဆိုရင် ပိတောက်တို့၊ တမလန်းတို့နဲ့ ရောနှောပေါက်တဲ့ တောမျိုးပါ၊ ဒါပေမဲ့ အဲဒါတွေကို သိပ်ပြီးတော့ မတွေ့ရဘူး၊ ကျွန်တော်တို့ကျွန်းပင်ကြီးတွေ ရှာဖွေတဲ့ခရီးစဉ်မှာ အင်ကြင်း ပင်နည်းနည်းတွေ့ပြီး ကျန်တဲ့သစ်မျိုး တွေမတွေ့ရဘဲ ကျွန်းနဲ့ ကညင်ပင်တွေပဲ အများဆုံး တွေ့ရတယ်၊ ပထမ အနေနဲ့ သူတို့ရဲ့အခြေအနေကို သိဖို့လိုတယ်၊ အပင်အရေအတွက် ဘယ်လောက်ရှိလဲ၊ ဒါတွေကို ဘယ်လို ထိန်းသိမ်း ဖို့စီမံသွားမလဲ ဒီအပေါ်မှာ မူတည်ပြီးတော့မှ ရှေ့ဆက်ပြီး ဆုံးဖြတ်လို့ရမှာပါ။ အဲဒီအတွက် စစ်တမ်းကောက်ယူသွား မှာပါ'' ဟု စစ်ကိုင်းတိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက ပြောသည်။

အကြီးဆုံး ကျွန်းပင်ကြီးများနှင့်အတူ လုံးပတ် ၁ဝ ပေအထက် ကျွန်းပင်ကြီးများ ရှိသကဲ့သို့ လုံးပတ် ပေ ၂ဝ ဝန်းကျင်ရှိ သက်တမ်းရင့် ကညင်ပင်ကြီးများ ရောနှော ပေါက်ရောက်လျက်ရှိရာ ကညင်ပင်ကြီးများလည်း အဆိုပါ ကွင်းအတွင်းရှိ တောင်စောင်းများနှင့် တောင်ကြောများပေါ်တွင် ကျန်ရှိလျက်ရှိပြီး အ ဆိုပါ ကွင်းဆင်းမှတ်တမ်းပြုစုခြင်း လုပ်ငန်းကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ ကွင်းဆင်းစစ်တမ်း ကောက်ယူမှုလုပ်ငန်းများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

Read 344 times Last modified on Saturday, 30 September 2017 10:48