SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

သီတင်းကျွတ်ကာလ မြန်မာ့ ရောင်စုံ မီးပုံးနှင့် လက်တွန်းလှည်းများ ရောင်းအားကောင်း

Saturday, 30 September 2017 10:27 font size decrease font size decrease font size increase font size increase font size

ဝါလကင်းလွတ်သည့် သီတင်းကျွတ် လပြည့်ညနှင့် တန်ဆောင်မုန်း လပြည့်ညတို့တွင် မြန်မာတို့၏ ဓလေ့ထုံးတမ်းစဉ် လာအတိုင်း ယခင်က မြတ်စွာဘုရားအား ဆီမီးခွက်များဖြင့် ပူဇော်ကြလေ့ရှိသည်။

ယခုအခါ ကလေးငယ်များကလည်း ဆီမီးခွက်၊ ဖယောင်းတိုင်စသည်တို့အပြင် ရောင်စုံစက္ကူများနှင့် အလှဆင်သည့် မီးပုံးများဖြင့် ပူဇော်လာကြသည်။ ထိုကဲ့သို့ မီးပူဇော်ရာတွင် ကလေးငယ်များ နှစ်ခြိုက်စေသည့် လက်တွန်းရောင်စုံ မီးပုံးလေးများကို တီထွင်ရောင်းချ လာကြရာ ကြိုတင်၍ မှာယူရကြောင်း ရောင်စုံမီးပုံး ရောင်းချသည့် ဆိုင်များမှ သိရသည်။ ''ဒီလိုလက်တွန်းလှည်း ရောင်စုံမီးပုံးလေးတွေက ကလေးငယ်တွေ အကြိုက်ဆိုတော့ ဝါမကျွတ်ခင်မှာ မင်းဘူးမြို့က မှာယူရပါတယ်''ဟု မကွေးမြို့မှ အရောင်းဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။

ရောင်စုံမီးပုံးများကို အနီ၊ အဝါ၊ အစိမ်းစသည့် ပလတ်စတစ်များဖြင့် ဝါးများကို အသေးစိတ် အချောသပ်ပြုလုပ်ပြီး ရောင်းချခြင်းဖြစ်သည်။ မင်းဘူးမြို့ပေါ်၌ သီတင်းကျွတ် ပွဲတော်ကာလအတွက် မြန်မာ့လက်မှုပညာ ရောင်စုံမီးပုံးလေးများနှင့် ကလေးများဆော့ကစားရန် ရောင်စုံလက်တွန်းလှည်းများ ယခုရက် ပိုင်းတွင် အရောင်းအဝယ် ကောင်းနေသည်။သီတင်းကျွတ်မတိုင်မီ ကြိုတင်မှာယူမှုများ ရှိသဖြင့် ပြုလုပ်ထားပြီးဖြစ်သော ရောင်စုံမီးပုံးနှင့် လက်တွန်းလှည်း များကိုဖောက်သည်ပေး ရောင်းချရမှုများလည်း ရှိကြောင်း ပြုလုပ်ရောင်းချသူများထံမှ သိရသည်။

''ဒီလုပ်ငန်းလုပ်ကိုင်လာတာ နှစ်ပေါင်း ၃ဝ ကျော်ခဲ့ပါပြီ။ သီတင်းကျွတ်ပွဲတော် အမီရောင်းချနိုင်ဖို့အတွက် ကြိုတင်ပြီး တစ်လလောက်ကတည်းက အရုပ်ပုံစံ၊ မီးပုံးပုံစံလေးတွေကို ဝါးနဲ့ပုံစံချိုးပြီး အော်ဒါမှာယူတဲ့အပေါ် မူတည်ပြီး ကြိုတင် ပြုလုပ်ထားရတယ်။ ပုံစံချိုးပြီးသား အရုပ်တွေပေါ်မှာ မှန်ရောင်စက္ကူ၊ ဆီစိမ်စက္ကူတို့ကိုကပ်ပြီး အခြောက်ခံပြီးတော့ မီးထွန်းဖို့တိုင် တပ်ဆင်ရတယ်။ တွန်းလှည်းလေးတွေဆိုရင် ဘီးလုံးလေးတွေပါ တပ်ဆင်ရတာပါ။ ရောင်စုံဆီစိမ်စက္ကူ တစ်ရွက်ကို ငွေကျပ် ၈ဝဝ မှ ၁ဝဝဝ အထိပေးဝယ်ရတယ်။ သစ်သားနဲ့ပြုလုပ်တဲ့ ဘီးလုံးလေးတွေကို ဘဲဥသေတ္တာ အဟောင်းတွေဝယ် ယူ၍ ထွင်းလုပ်ရပါတယ်''ဟု မီးပုံးများ ပြုလုပ်ရောင်းချသူကို မောင်မောင်က ပြောသည်။

မီးပုံးများမှာ ငွေကျပ် ၂ဝဝ မှ ၂ဝဝဝ ထိရှိပြီး ကလေးကြိုက် တွန်းလှည်းလေးများမှာ ငွေကျပ် ၃ဝဝ မှ ၂၅ဝဝ အထိ ဈေးနှုန်းများဖြင့် ရောင်းချရကြောင်း သိရသည်။

Read 376 times Last modified on Saturday, 30 September 2017 10:48