SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

လက်ရှိအချိန်ထိ တိုင်းဒေသကြီးနှင့် ပြည်နယ်ငါးခု၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်လာခြင်း မရှိသေး

Saturday, 30 September 2017 10:48 font size decrease font size decrease font size increase font size increase font size

တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၅ ခုအနက် မကွေးတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ် နှင့် ရခိုင်ပြည်နယ်တို့၌ ယခုနှစ် လက်ရှိအချိန်ထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်လာခြင်း မရှိသေးကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန် ကြားရေးမှူးချုပ် ဦးဆန်းမြင့်ထံမှ သိရသည်။

အဆိုပါ တိုင်းဒေသကြီးနှင့် ပြည်နယ်ငါးခု၌ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုများသာ ဝင်ရောက်နေပြီး မကွေးတိုင်းဒေသကြီး၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ လုပ်ဆောင်ရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ တင်ပြထားကြောင်း သိရသည်။''မကွေးတိုင်း ဒေသကြီးမှာတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံ မှု လုပ်ငန်းတွေလုပ်ဖို့ တင်ပြထားတာရှိပါ တယ်။ ခွင့်မပြုရသေးပါဘူး။ ကျန်တဲ့ ကချင်၊ ချင်း၊ ရခိုင်နဲ့ ကယားပြည်နယ်တွေမှာတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင် ရောက်လာခြင်း မရှိသေးပါဘူး။ ရင်းနှီးမြှုပ်နှံမှုဆိုတာလည်း အမြတ်ရှိမှ လုပ်ရတာဖြစ်တယ်။ လက်ရှိအနေအထားနဲ့ဆိုရင် ရခိုင်ပြည်နယ်မှာ စက်မှုဇုန်တွေ တည်ထောင်ဖို့ အလားအလာရှိပါတယ်''ဟု ဦးဆန်းမြင့်က ပြောသည်။

၂ဝ၁၇ -၂ဝ၁၈ ဘဏ္ဍာနှစ် စက်တင်ဘာ၂၅ ရက်အထိခွင့်ပြုခဲ့သော မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ အနေဖြင့် ရခိုင်ပြည်နယ်၌ တစ်ခု၊ ကချင်ပြည်နယ်၌ တစ်ခုနှင့် မကွေးတိုင်း ဒေသကြီး၌ ခြောက်ခု အသီးသီးခွင့်ပြုထားပြီး ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့၌ ခွင့်ပြုထားခြင်း မရှိသေးေ ကြာင်း သိရသည်။ လက်ရှိ မြန်မာနိုင်ငံသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုတွင် စင်ကာပူနိုင်ငံက အများဆုံးဖြစ်ပြီး တရုတ်နိုင်ငံက ဒုတိယ အများဆုံးဖြစ်ကြောင်း သိရသည်။

Read 404 times Last modified on Saturday, 30 September 2017 10:56