SJ WorldNews - шаблон joomla Авто

နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့သို့ ဦးဆောင် သွားရောက်နေသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဆောင်ရွက်သမျှ ကိစ္စအ၀၀ အောင်မြင်စေရန်အတွက် နိုင်ငံတော် သမ္မတ၏ဇနီး ဒေါ်ချိုချို ဦးဆောင်၍ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော် ဆုတောင်

Monday, 09 December 2019 10:46 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   ဒီဇင်ဘာ  

နိုင်ငံတော်နှင့် နိုင်ငံသူ နိုင်ငံသားများ၏ အကျိုးစီးပွားကို ကာကွယ်ရန်အတွက် နယ်သာလန်နိုင်ငံ    သည်ဟိတ်ဂ်မြို့သို့ ဦးဆောင်သွားရောက်နေသော  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဆောင်ရွက်သမျှ ကိစ္စအ၀၀ အောင်မြင်စေရန် လည်းကောင်း၊ အန္တရာယ်ခပ်သိမ်း ဘေးခပ်သိမ်း ကင်းငြိမ်းစေရန် လည်းကောင်း၊ ကိုယ်ကျန်းမာ စိတ်ချမ်းသာစေရန် လည်းကောင်း ရည်သန်လျက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ဇနီး   ဒေါ်ချိုချို ဦးဆောင်၍ ယနေ့ညနေ ၄ နာရီတွင် နေပြည်တော် ဒက်္ခိဏသီရိမြို့နယ်  ရာဇသင်္ဂဟလမ်း ကံ့ကော်ပန်းအ၀ိုင်းအနီး တည်ထား ကိုးကွယ်လျက်ရှိသည့်  ထာဝရငြိမ်းချမ်းရေးစေတီတော် သာသနာ့ ဗိမာန်တော်ကြီး၌ အန်္တရာယ်ကင်း ပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲ အနန်္တရာယိက မင်္ဂလာအခမ်းအနား ကျင်းပ၍     ဆုတောင်းမေတ္တာ ပို့သကြသည်။

အနန္တရာယိက မင်္ဂလာအခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ၏ဇနီး၊သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုဝန်ကြီးများ၏ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၏ ဇနီးနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ၀တ်ရွတ်အသင်းတို့ တက်ရောက်၍ အန္တရာယ်ကင်း ပရိတ်တရားတော်များ၊  ပဋ္ဌာန်းဒေသနာတော်နှင့်  ဓမ္မစကြာတရားတော်များကို ရွတ်ဖတ်ပူဇော်ပြီး ဆုတောင်းမေတ္တာ ပို့သကြသည်။

ထို့နောက် အခမ်းအနား မစတင်မီ နိုင်ငံတော် သမ္မတ၏ဇနီး ဒေါ်ချိုချိုသည် ထာဝရငြိမ်းချမ်းရေး စေတီတော်အား လှည့်လည်ဖူးမြော် ကြည်ညိုပြီး စေတီတော် လိုဏ်တော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဆီမီး၊ ရေချမ်းကပ်လှူ ပူဇော်သည်။ 

အခမ်းအနားကို   နိုင်ငံတော်သမ္မတ၏ ဇနီး ဦးဆောင်သော ဧည့်ပရိသတ်များက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြသည်။

ယင်းနောက် အခမ်းအနားမှူးက စိန်ရောင်ခြည် ဘုရားပင့်ဂါထာကို ရွတ်ဖတ်ပူဇော်ပြီး နတ်ဗြဟ္မာများကို ပင့်ဖိတ်သည်။

ထို့နောက် နိုင်ငံတော်သမ္မတ၏ဇနီး ဦးဆောင်သော ဧည့်ပရိသတ်များသည် ငါးပါးသီလ ခံယူဆောက်တည်ကြပြီး အန္တရာယ်ကင်း ပရိတ်တရားတော်များ၊   ဓမ္မစကြာနှင့် ပဋ္ဌာန်းဒေသနာတော်များကို ရွတ်ဖတ်ပူဇော်ကာ အရပ် ၁၀ မျက်နှာ မေတ္တာဘာဝနာ ပွားများခြင်း၊ အမျှပေးဝေခြင်းနှင့် ဆုတောင်းမေတ္တာပို့သခြင်းတို့ကို ဆောင်ရွက်ကြသည်။

ယင်းနောက်   နတ်ဗြဟ္မာများအား ပြန်လည်ပို့ဆောင်ပြီး  ဗုဒ္ဓသာသနံ   စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍  အခမ်းအနားကို ရုပ်သိမ်းကြောင်း သိရသည်။

Read 12 times Last modified on Monday, 09 December 2019 10:47