SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

မြိတ်ကျွန်းစု၌ ခရီးသွားများ ပိုမိုလည်ပတ် နိုင်စေရေး လုံခြုံရေး စိတ်ချရသည့် ကျွန်းများ တိုးချဲ့ ဖော်ဆောင်ရန် စီစဉ်

Saturday, 30 September 2017 10:48 font size decrease font size decrease font size increase font size increase font size

မြိတ်ကျွန်းစု ဒေသ၌ ကျွန်းပေါင်း ၈ဝဝ ကျော်ရှိသော်လည်း လုံခြုံရေး စိတ်ချရလောက်သည့် အနေအထားတွင် မရှိ သောကျွန်းပေါင်း ၇ဝဝ ကျော်ရှိသေးရာ အဆိုပါ ကျွန်းများသို့ သွားရောက် လည်ပတ်နိုင်စေရန် လုံခြုံရေးပိုင်း တိုးမြှင့် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီး ဌာနမှ သိရသည်။

''လက်ရှိမြိတ်ကျွန်းစုကို လည်ပတ်ဖို့ ခရီးသွားတွေ ပိုစိတ်ဝင်စားလာပါတယ်။ လေးညအိပ် ငါးရက်ခရီးတွေလည်း လာကြတယ်။ ဒီမှာက ကျွန်းပေါင်း ၈ဝဝ ကျော်ရှိတဲ့အနက် ၇ဝဝ ကျော်က လုံခြုံစိတ်ချရတဲ့ အနေအထား မရှိသေးဘူး။ ဒါကြောင့် လုံခြုံရေး အခြေအနေ စိတ်ချရပြီဆိုရင် ကျွန်းတော်တော် များများကို သွားရောက် လည်ပတ်နိုင်မယ်။ ဒါဆို ခရီးသွားလုပ်ငန်း ပိုပြီးဖွံ့ဖြိုး တိုးတက်လာမယ်'' ဟု ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန အောက်မြန်မာ ပြည်တာဝန်ခံ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက ပြောသည်။

လက်ရှိတွင် မြိတ်ကျွန်းစုသို့ ပြည်တွင်း ခရီးသွားထက် ပြည်ပခရီးသွား ဧည့်သည်များ လည်ပတ်မှု ပိုများလျက်ရှိကြောင်း၊ သို့ဖြစ်၍ မြိတ်ကျွန်းစုဒေသ၌ သွားလာလည်ပတ်ပြီး လေ့လာ၍ကောင်းမည့် ဖြစ်နိုင်ခြေရှိသည့် ခရီးစဉ်များကို ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ အကောင်အထည် ဖော်ေ နခြင်းဖြစ်ကြောင်း သိရသည်။ ''ပြည်တွင်း ခရီးသွားတွေလည်း လည်ပတ်မှုမြင့်တက်လာတာ တွေ့ရပါတယ်။ ဝန်ကြီးဌာနရဲ့ ဖြေလျှော့ပေးမှုတွေ၊ ခရီးသွား ကုမ္ပဏီတွေကလည်း စိတ်ဝင်စားဖွယ်ရာ သဘာဝရှုခင်း အလှအပတွေ၊ ဝန်ဆောင်မှုတွေနဲ့ ဆွဲဆောင်ပြီး ပို့ဆောင် နေကြတာကြောင့် အရင်ကထက် ပိုများလာပါတယ် ''ဟု မြိတ်ခရိုင် ခရီးသွားလုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

Read 374 times Last modified on Saturday, 30 September 2017 10:56