SJ WorldNews - шаблон joomla Авто

တောင်ငူကွန်ပျူတာ တက္ကသိုလ် ကျောင်းသားများ၏ တီထွင်မှု စွမ်းရည်ပြပွဲ ကျင်းပမည်

Saturday, 30 September 2017 12:11 font size decrease font size decrease font size increase font size increase font size

တောင်ငူ       စက်တင်ဘာ     ၂၉

ပဲခူးတိုင်းဒေသကြီး ကွန်ပျူတာ တက္ကသိုလ်(တောင်ငူ) ကျောင်းသားများ၏ တီထွင်မှု စွမ်းရည်ပြပွဲကို တောင်ငူမြို့ ခပေါင်းခန်းမ၌ အောက်တိုဘာ ၃ ရက် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါတီထွင်မှု စွမ်းရည်ပြပွဲတွင် ပြသမည့် စက်ကိရိယာများမှာ ဖုန်းများပေါ်တွင် ထည့်သွင်း အသုံးပြုနိုင်သည့် Android Applicationများ၊ တောင်ငူဒေသခံများအတွက် တောင်ငူလမ်းညွှန်၊  အစားအသောက် လမ်းညွှန်၊ ကားလမ်းညွှန်၊ အခမ်းအနားလမ်းညွှန်၊ စားသောက်ဆိုင်များတွင်

ထိန်းချုပ်သည့် POS Product  များ၊ ကိုယ်ပိုင်လုပ်ငန်းများတွင် အရှုံး၊ အမြတ် တွက်ချက်သည့် စက်ကိရိယာများနှင့်  အခြားခရီးသွား လမ်းညွှန်များ၊ ရုံးဌာနများအတွက် Mobile ဖုန်းမှတစ်ဆင့် ရုံးတက်ရုံးဆင်း ထိန်းချုပ်နိုင်သည့် စနစ်များ၊ ကျောင်းသားလူငယ်များအတွက်  တက္ကသိုလ်ဝင်တန်း စာတွေ့ဓမ္မဓိဋ္ဌာန် ဖြေဆိုနိုင်သည့်စနစ်များ၊ ကလေးငယ်များအတွက်  ကလေးဗဟုသုတ ရရှိစေမည့်  Application များ၊  လှုပ်ရှားမှု တစ်ခုအား  ပုံတူယူ၍ ထပ်ခါထပ်ခါဆောင်ရွက်ပေးမည့် Robot စနစ်၊ Motion Sensor မှ တစ်ဆင့် အိမ်အတွင်း လူဝင်လာလျှင်  မိမိဖုန်းသို့  Message ပို့သည့် စနစ်စသည်များ လက်တွေ့ပြသမည်ဖြစ်သည်။

ယင်း တောင်ငူကွန်ပျူတာ တက္ကသိုလ်ကျောင်းသားများ၏ တီထွင်မှုစွမ်းရည်ပြပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ ဒေသ၏ လိုအပ်ချက်များကို  ဖြည့်ဆည်းပေးနိုင်သည့် တီထွင်ဖန်တီးမှုနှင့် ကြိုးစားလိုစိတ် ရင့်သန်သည့် ကျောင်းသားများ ဖြစ်စေရန်ဖြစ်ကြောင်း သိရသည်။   

Read 453 times Last modified on Saturday, 30 September 2017 12:12