SJ WorldNews - шаблон joomla Авто

တိုင်ကြားပေးပို့လာသော မူးယစ်ဆေးဝါးသတင်းများနှင့် စပ်လျဉ်း၍ ထပ်မံဖော်ထုတ် ရရှိမှုများကို သတင်းထုတ်ပြန်

Tuesday, 10 December 2019 09:30 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဒီဇင်ဘာ 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နိုင်ငံတော်သမ္မတရုံးက ယနေ့ရက်စွဲဖြင့် တိုင်ကြားပေးပို့လာသော မူးယစ်ဆေးဝါးသတင်းများနှင့် စပ်လျဉ်း၍ ထပ်မံဖော်ထုတ်ရရှိမှုများကို သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါထုတ်ပြန်ချက်တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသည့် ဆေးဝါးအန္တရာယ် တားဆီးကာကွယ် နှိမ်နင်းရေးအတွက် ပြည်သူလူထုထံမှ ပေးပို့တိုင်ကြားလာသည့် သတင်းအချက်အလက်များကို စနစ်တကျ လက်ခံရယူနိုင်ရန် ''မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားရေးဌာန'' ကို နိုင်ငံတော်သမ္မတရုံးတွင် ဖွင့်လှစ်ထားရှိပြီး ဖြစ်သည်။

အဆိုပါဌာနသို့ ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာ ၇ ရက်အထိ  ပေးပို့တိုင်ကြားလာသည့် မူးယစ်ဆေးဝါးသတင်းများနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတရုံး၏   ညွှန်ကြားချက်အရ ပြည်ထဲရေးဝန်ကြီးဌာနက ယခုသီတင်းပတ်အတွင်း ဖော်ထုတ်ဖမ်းဆီးရမိမှု အပါအဝင် ဒီဇင်ဘာ ၇ ရက်အထိ စုံစမ်းဖော်ထုတ်ချက်များအရ အမှုပေါင်း ၈၈၃ မှု ဖွင့်လှစ် အရေးယူခဲ့ပြီး တရားခံကျား ၁၁၃၂ ဦး၊ မ ၂၂၁ ဦး ပေါင်း ၁၃၅၃ ဦး ဖမ်းဆီးရမိခဲ့၍ ဘိန်းဖြူ ၇၁၅၄ ဒသမ ၃၆၉၄ ဂရမ်၊ ICE  ၁၃၄၇ ဒသမ ၃၂ ဂရမ်၊ ဘိန်း ၃၉၉၉၉ ဒသမ ၆၁ ဂရမ်၊ အဆင့်နိမ့်ဘိန်း ၃၈၉ ဒသမ ၉၂ ဂရမ်၊ ဘိန်းစာမှုန့် ၅၃၂၃ဝ ဒသမ ၇၆ ဂရမ်၊ ဘိန်းစာရွက် ၁၂ဝ၉၇ ဒသမ ၃၂ ဂရမ်၊ ဘိန်းစာရည် ၂ ဒသမ ၅ လီတာ၊ စိတ်ကြွဆေးပြား ၄၃၁၃၃၆ ပြား၊ ဆေးခြောက် ၈၇၅၇ ဒသမ ၄၂ ဂရမ်၊ ဘိန်းရည် သုည ဒသမ ၁ လီတာ၊ ဘိန်းဆီခဲ ၅၂ဝ ဒသမ ၂၈ ဂရမ်၊ ဘိန်းစေ့ ၆ဝ ဂရမ်၊ စိတ်ကြွဆေးပြား အကြေမှုန့် ၃၆ ဒသမ ၁၅ ဂရမ်၊ Ecstasy  အကြေသုည ဒသမ ဝဝ၁ ဂရမ်၊ လက်နက်မျိုးစုံ ၁၉ လက်၊ ကျည်မျိုးစုံ ၂၅၇ တောင့်၊ လက်ပစ်ဗုံးတစ်လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်းနှင့် မူးယစ်ဆေးဝါးသတင်းများနှင့် ပတ်သက်၍ ဖော်ထုတ်ဖမ်းဆီး အရေးယူမှုကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ထပ်မံဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်မှု အခြေအနေအား ဆက်လက်ထုတ်ပြန်သွားမည် ဖြစ်ကြောင်း သိရသည်။

Read 91 times Last modified on Tuesday, 10 December 2019 09:31