SJ WorldNews - шаблон joomla Авто

မှုခင်းကြိုတင်ကာကွယ်ရေး ကျောင်းသား ကျောင်းသူများအား အသိပညာပေး

Friday, 13 December 2019 10:02 font size decrease font size decrease font size increase font size increase font size

လှိုင်းဘွဲ့မြို့နယ်      ရွှေဂွန်းကျေးရွာ နယ်မြေခံရဲစခန်းမှ   တပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ ၁၂ ရက် နံနက်ပိုင်းတွင် အခြေခံပညာအထက်တန်းကျောင်း   ရွှေရတနာခန်းမ၌ ကျောင်းသား၊ ကျောင်းသူများအား မှုခင်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးနှင့် မှုခင်းဖြစ်ပွားမှု လျော့နည်းကျဆင်းစေရေး အသိပညာပေး ဟောပြောသည်။

ဟောပြောပွဲတွင်    ရွှေဂွန်းကျေးရွာ နယ်မြေခံရဲစခန်းမှူးက     ကျောင်းသား၊ ကျောင်းသူများအနေဖြင့်  မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် မူးယစ်သားကောင်များ မဖြစ်စေရေး၊ မူးယစ်ဆေးဝါးသုံးစွဲ၊ ရောင်းချသူတို့၏ ပြစ်မှုပြစ်ဒဏ်များ၊   လူကုန်ကူးမှု မခံရစေရေး  ဆောင်ရန်၊ ရှောင်ရန်အချက်များနှင့်  ယာဉ်စည်းကမ်း၊  လမ်းစည်းကမ်းတို့၏ လိုက်နာရမည့် အချက်များကို ရှင်းလင်းပြောကြားပြီး     ကျောင်းအုပ်ဆရာမကြီး  ဒေါ်နုနုအေးက     ကျေးဇူးတင်စကား     ပြန်လည်ပြောကြားသည်။

အဆိုပါ ဟောပြောပွဲသို့ ရွှေဂွန်းကျေးရွာ နယ်မြေစခန်းမှူးနှင့် တပ်ဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာမကြီး၊ ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ    တက်ရောက်ကြကြောင်း သိရသည်။

ခင်စန်းမြင့်

Read 97 times Last modified on Friday, 13 December 2019 10:03