SJ WorldNews - шаблон joomla Авто

ကျောင်းသား ကျောင်းသူများအား ဗဟုသုတ တိုးပွားစေရေး ဟောပြော

Friday, 13 December 2019 10:05 font size decrease font size decrease font size increase font size increase font size

ကချင်ပြည်နယ် ဗန်းမော်မြို့ ရွှေကျီးနားရပ်ကွက်ရှိ အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်း   မြဝတီခန်းမ၌ ကျောင်းသား၊ ကျောင်းသူများအား  အသိပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍  နယ်လှည့် အသိပညာပေး ဟောပြောပွဲကို ဒီဇင်ဘာ ၁၁ ရက် နံနက်ပိုင်းက ကျင်းပသည်။

ရှေးဦးစွာ ဗန်းမော်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးမှူး ဦးအောင်ကျော်ထွန်းက ကျောင်းစာကြည့်တိုက်အတွက် စာအုပ်၊ စာစောင် ၄ဝ အုပ်ကို ပေးအပ်လှူဒါန်းပြီး ကလေးအလုပ်သမား ပပျောက်ရေးခေါင်းစဉ်ဖြင့်  အသိပညာပေးဟောပြောသည်။

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးသည်။

ဆက်လက်၍   Clean  Banmaw အဖွဲ့ခေါင်းဆောင်   ဦးထွန်းထွန်းလွင်က အမှိုက်စို၊ အမှိုက်ခြောက်များ စနစ်တကျ စွန့်ပစ်ခြင်းနှင့် ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေး အသိပညာပေး ဟောပြောသည်။

ယင်းနောက် ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူ ၃၅ဝ ဦးခန့်က ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေးနံရံ ကပ်စာစောင်များနှင့် စာအုပ်စာစောင်များကို    ကြည့်ရှုလေ့လာကြကြောင်း သိရသည်။               ကိန်းဖြူ

Read 130 times Last modified on Friday, 13 December 2019 10:05