SJ WorldNews - шаблон joomla Авто

သိမ်းဆည်းရမိ ဆိုင်ကယ်များအား ပိုင်ရှင်များထံ ပြန်လည် ပေးအပ်ပွဲ ကျင်းပ

Saturday, 30 September 2017 13:19 font size decrease font size decrease font size increase font size increase font size

သထုံ  စက်တင်ဘာ  ၂၉

မွန်ပြည်နယ် သထုံခရိုင် မှုခင်းနှိမ်နင်းရေး အဖွဲ့က ဖော်ထုတ်သိမ်းဆည်း ရမိထားသည့်  ဆိုင်ကယ်များအား မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသော အားဖြင့် မူလပိုင်ရှင် များထံ ပြန်လည်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူး ၏လမ်းညွှန်မှုဖြင့်  ခရိုင်ရဲတပ်ဖွဲ့မှူးရုံးရှိ ရဲဇာနည်ခန်းမ၌ ကျင်းပသည်။

သထုံခရိုင် မှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၆ ရက်က သထုံ မြို့ပေါ်တော်မူကျေးရွာ  ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်တွင် မသင်္ကာဖွယ် ဆိုင်ကယ် နှစ်စီးအား တွေ့ရှိပြီး လိုက်လံ ဖမ်းဆီးစစ်ဆေးရာ မွန်ပြည်နယ်အတွင်းမှ အုပ်စုဖွဲ့ကာ ခိုးယူ ခဲ့သည့် ဆိုင်ကယ် ၂၁ စီးကို ပိုင်ရှင်များထံ ပြန်လည်ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။

ပြန်လည်ပေးအပ်ပွဲတွင် ပြည်နယ်ရဲတပ်ဖွဲ့ မှူး ရဲမှူးကြီးဘိုဘိုဦးက ပြန်လည်ပေးအပ်မည့် ဆိုင်ကယ်များနှင့် ပတ်သက်၍ ဖော်ထုတ် ဖမ်းဆီးခဲ့သည့် အခြေအနေများနှင့် မွန်ပြည် နယ်အတွင်း တရားဥပဒေစိုးမိုးရေး၊ မှုခင်းကျဆင်းရေးနှင့် မူးယစ်ဆေးဝါး ပပျောက်ရေး လုပ်ငန်းဆောင်ရွက်နေမှု တို့ကို ရှင်းလင်းပြောကြားကာ ဖော်ထုတ်ဖမ်းဆီး ရမိထားသည့်  ဆိုင်ကယ်များအား ပိုင်ရှင်များထံ ပြန်လည် ပေးအပ်သည်။

ပြည်သူများအနေဖြင့် မိမိပိုင်ဆိုင်သော ဆိုင်ကယ်များ ပျောက်ဆုံးပါက လိုင်စင်ရှိသည် ဖြစ်စေ၊ မရှိသည်ဖြစ်စေ ရဲတပ်ဖွဲ့သို့ အကြောင်းကြား တိုင်ကြားနိုင်ပြီး ရဲတပ်ဖွဲ့မှ ပြန်လည်ဖော် ထုတ်ရရှိချိန်တွင် လိုင်စင်မဲ့ ဆိုင်ကယ်ဖြစ်ပါက နိုင်ငံတော်မှ သတ်မှတ်ထားသော အခွန်နှုန်း ထားဖြင့် ဒဏ်ကြေးများ ပေးဆောင်ကာ လိုင်စင် ပြုလုပ်နိုင်ကြောင်း၊ ယခုနှစ်တွင် မွန်ပြည်နယ် အတွင်း ပြန်လည်ဖော်ထုတ် ဖမ်းဆီးရမိခဲ့သည့်  ပျောက်ဆုံးဆိုင်ကယ် အစီးရေ ၅ဝ ကျော်အား ပြည်သူများ လက်ဝယ်သို့  ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း ပြည်နယ်ရဲ တပ်ဖွဲ့မှူး၏ ပြောကြား ချက်အရ သိရသည်။   

Read 396 times Last modified on Saturday, 30 September 2017 13:20