SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

သမဝါယမ အသင်းစုချုပ် (လီမိတက်) နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် ဂုဏ်ပြု ဆုပေးပွဲ ကျင်းပ

Sunday, 01 October 2017 07:03 font size decrease font size decrease font size increase font size increase font size

ရခိုင်ပြည်နယ် သမဝါယမ အသင်းစုချုပ် (လီမိတက်) ၂ဝ၁၆-၂ဝ၁၇ ခုနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအ ဝေးနှင့် လုပ်ငန်းခွဲအလိုက် ဂုဏ်ပြုဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် စစ်တွေမြို့ သမဝါယမ အသင်းစုချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီး ဦးကျော်လွင်က သမဝါယမ အသင်းစုချုပ်အနေဖြင့် တစ်နှစ်တာ ကာလအတွင်း အသင်း၏ဆောင်ရွက်ခဲ့သော လုပ်ငန်းများအားလုံးကို ပွင့်လင်းမြင် သာစွာ ရှင်းလင်းချပြခြင်း၊ သုံးသပ်အတည်ပြုခြင်း၊ ရှေ့လုပ်ငန်းစဉ်များ ချမှတ်အတည်ပြုခြင်းများ ဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း၊ အခြေခံ သမဝါယမအသင်းများ၊ မြို့နယ်အသင်းစုများ၏ စံနမူနာပြု အသင်းစုအဖြစ် လုပ်ငန်းများကို တိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် အသင်းစုချုပ် အုပ်ချုပ်မှု ဒါရိုက်တာ ဦးဇော်ဇော်မင်းက အသင်း၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ ကို Power Point ဖြင့် ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ လုပ်ငန်းခွဲအလိုက် ဂုဏ်ပြုဆုပေးပွဲကို ကျင်းပရာ ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်း ဝန်ကြီးနှင့် တာဝန်ရှိသူတို့က Exim Bank ချေးငွေလချုပ် စာရင်း ပေးပို့မှုနှင့် ချေးငွေပေးဆပ်မှု အကောင်းဆုံးဆု၊ ငွေစုငွေချေး လုပ်ငန်းခွဲတွင် အသင်းအဖွဲ့ ဌာနအလိုက် အသင်းသား အများဆုံးနှင့် ချေးငွေပေးဆပ်မှု အကောင်းဆုံးဆု၊ ဦးဆောင်စည်းရုံးမှု အကောင်းဆုံးဆု၊ အစုငွေနှင့်စုဆောင်းငွေ အများဆုံးဆု၊ မြသ ဇင် အသေးစားချေးငွေ လုပ်ငန်းခွဲတွင် ဆုရရှိသူများနှင့် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဂုဏ်ထူးများ ဖြင့်အောင်မြင်ခဲ့သော အသင်းသားတို့၏ သားသမီးများအား ဆုများအသီးသီး ပေးအပ်ကြသည်။

အခမ်းအနားသို့ ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီး ဦးကျော်လွင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်များမှ သမဝါယမ ဦးစီးဌာန ဦးစီးမှူးများ၊ မြို့နယ်သမဝါယမ အသင်းစု ဥက္ကဋ္ဌများ၊ မြသဇင် အသေးစားချေးငွေ လုပ်ငန်းခွဲနယ်မြေ တာဝန်ခံများ၊ အသင်းသား၊ အသင်း သူများ တက်ရောက်ကြကြောင်း သိရ သည်။

Read 318 times Last modified on Sunday, 01 October 2017 07:16