SJ WorldNews - шаблон joomla Авто

တိုင်ကြားပေးပို့လာသော မူးယစ်ဆေးဝါး သတင်းများနှင့် စပ်လျဉ်း၍ ထပ်မံဖော်ထုတ် ရရှိမှုများကို သတင်း ထုတ်ပြန်

Tuesday, 14 January 2020 08:52 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇန်န၀ါရီ  ၁၃

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံးက ယနေ့ရက်စွဲဖြင့် တိုင်ကြားပေးပို့လာသော မူးယစ်ဆေးဝါး သတင်းများနှင့် စပ်လျဉ်း၍ ထပ်မံဖော်ထုတ် ရရှိမှုများကို သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါထုတ်ပြန်ချက်တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသည့် ဆေးဝါးအန္တရာယ် တားဆီးကာကွယ်နှိမ်နင်းရေး အတွက် ပြည်သူလူထုထံမှ ပေးပို့တိုင်ကြားလာသည့် သတင်းအချက်အလက်များကို စနစ်တကျ လက်ခံ ရယူနိုင်ရန် ““မူးယစ်ဆေးဝါး အထူးသတင်း တိုင်ကြားရေးဌာန””ကို နိုင်ငံတော်သမ္မတရုံးတွင် ဖွင့်လှစ်ထားရှိပြီးဖြစ်သည်။

အဆိုပါဌာနသို့ ၂၀၂၀ ပြည့်နှစ် ဇန်န၀ါရီ ၁၁ ရက်အထိ ပေးပို့တိုင်ကြားလာသည့် မူးယစ်ဆေးဝါး သတင်းများနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အရ ပြည်ထဲရေးဝန်ကြီးဌာနက ယခုသီတင်းပတ်အတွင်း ဖော်ထုတ်ဖမ်းဆီးရမိမှု အပါအ၀င် မူးယစ်ဆေးဝါးအထူး   သတင်းတိုင်ကြားရေးဌာန    စတင်ဖွင့်လှစ် ဆောင်ရွက်ခဲ့သည့်   ၂၆-၆-၂၀၁၈  ရက်နေ့မှ ၁၁-၁-၂၀၂၀ ရက်နေ့အထိ စုံစမ်းဖော်ထုတ်ချက်များ အရ အမှုပေါင်း ၉၃၉ မှု ဖွင့်လှစ် အရေးယူခဲ့ပြီး တရားခံကျား ၁၂၁၀ ဦး၊ မ ၂၄၁ ဦး ပေါင်း ၁၄၅၁ ဦး ဖမ်းဆီးရမိခဲ့၍ဘိန်းဖြူ ၇၃၈၉ ဒသမ ၀၇၁၄ ဂရမ်၊ ICE ၁၃၄၇ ဒသမ ၄၂ ဂရမ်၊ ဘိန်း ၄၀၃၃၉ ဒသမ ၀၂၁၆၆ ဂရမ်၊ အဆင့်နိမ့်ဘိန်း ၆၆၁ ဒသမ ၂၇ ဂရမ်၊ ဘိန်းစာမှုန့် ၅၃၂၃၀ ဒသမ

၇၆ ဂရမ်၊ ဘိန်းစာရွက် ၁၂၀၉၇ ဒသမ ၃၂ ဂရမ်၊ ဘိန်းစာရည် ၂ ဒသမ ၅ လီတာ၊ စိတ်ကြွဆေးပြား ၄၆၁၀၃၅ ပြား၊ ဆေးခြောက် ၁၀၃၁၀ ဒသမ ၄၂ ဂရမ်၊ ဘိန်းရည် သုည ဒသမ ၁ လီတာ၊ ဘိန်းဆီခဲ ၅၂၀ ဒသမ ၂၈ ဂရမ်၊ ဘိန်းစေ့ ၆၀ ဂရမ်၊ စိတ်ကြွဆေးပြား အကြေမှုန့် ၅၅ ဒသမ ၄၅ ဂရမ်၊ Ecstasy  ဒသမ ၀၀၁ ဂရမ်၊ လက်နက်မျိုးစုံ ၁၉ လက်၊ ကျည်မျိုးစုံ ၂၅၇ တောင့်၊ လက်ပစ်ဗုံးတစ်လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်းနှင့် မူးယစ်ဆေးဝါး သတင်းများနှင့် ပတ်သက်၍   ဖော်ထုတ်ဖမ်းဆီး အရေးယူမှုကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး  ထပ်မံဖော်ထုတ် ဖမ်းဆီးအရေးယူနိုင်မှု အခြေအနေအား ဆက်လက် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။                   

Read 26 times Last modified on Tuesday, 14 January 2020 08:53