SJ WorldNews - шаблон joomla Авто

ဖြူးချောင်းရေလှောင်တမံ ဆည်ရေသောက်စနစ် တည်ဆောက်ခြင်း လုပ်ငန်းအား ကြည့်ရှု စစ်ဆေး

Tuesday, 14 January 2020 08:56 font size decrease font size decrease font size increase font size increase font size

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်အတွင်း တည်ဆောက်နေသည့်  ဖြူးချောင်း ရေလှောင်တမံ ဘက်စုံစီမံကိန်း ဆည်ရေသောက်စနစ် တည်ဆောက်ခြင်း လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ်  ဦးဝင်းသိန်း နှင့် တာဝန်ရှိသူတို့က   ဇန်န၀ါရီ ၁၂ ရက် နံနက်ပိုင်းက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ထိုသို့ စစ်ဆေးရာတွင် ၀န်ကြီးချုပ်နှင့် အဖွဲ့အား ဆည်မြောင်းနှင့် ရေအသုံးချရေး ဦးစီးဌာန တည်ဆောက်ရေး(၁) ညွှန်ကြားရေးမှူး ဦးအောင်မြင့်နှင့် ဆည်မြောင်းနှင့် ရေအသုံးချရေး ဦးစီးဌာန တိုင်းဒေသကြီး ညွှန်ကြားရေးမှူး     ဦးကိုကိုဦးတို့က လုပ်ငန်းခွင်အလိုက်  ရှင်းလင်းတင်ပြရာ တာဝန်ရှိသူများက  လိုအပ်သည်များကို မှာကြားပြီး လုပ်ငန်းခွင်အတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးကြသည်။

ဖြူးချောင်းရေလှောင်တမံ ဘက်စုံစီမံကိန်း လုပ်ငန်းသည် ၂၀၀၂ ခုနှစ် အောက်တိုဘာလတွင်  စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ရေလှောင်တမံ၊ ရေပိုလွှဲ၊ ရေယူအဆောက်အအုံ၊ ရေအားလျှပ်စစ်ဆိုင်ရာ အဆောက်အအုံ များနှင့် ရေလွှဲဆည်တို့ကို ၂၀၁၅ ခုနှစ် ဇန်န၀ါရီ ၈ ရက် တွင် တည်ဆောက်ပြီးခဲ့ပြီဖြစ်ကြောင်းနှင့်  ဆည်ရေသောက်စနစ် တည်ဆောက်ခြင်း လုပ်ငန်းများသာ ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိကြောင်း သိရသည်။

ဆောင်ရွက်ရန် ကျန်ရှိနေသည့် ဆည်ရေသောက်စနစ် တည်ဆောက်ခြင်း လုပ်ငန်းများကို ၂၀၁၂-၂၀၁၃ ခုနှစ်တွင်ဆောင်ရွက်ခဲ့ရာ    ခွဲဝေရန်ပုံငွေ အခြေအနေအရ ၂၀၁၈-၂၀၁၉ ခုနှစ်အထိ ၂၁ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးခဲ့ပြီး  စီမံကိန်းလျာထား ဧရိယာဧက ၉၀၀၀၀ အနက် ဧက ၆၈၀၀ ကို ရေပေးဝေနိုင်ခဲ့သည်။

၂၀၁၉-၂၀၂၀ ပြည့်နှစ်ကုန်တွင် ရရှိသော ရန်ပုံငွေဖြင့် လုပ်ငန်းအားလုံး ပြီးစီးပါက ဧက ၁၀၀၀၀ ပိုမိုလာမည်ဖြစ်ပြီး စုစုပေါင်း ဧက ၁၆၈၀၀ အား ဆည်ရေပြည့်ဝစွာ ပေးဝေနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဆည်ရေသောက်စနစ်ဆိုင်ရာ အချက်အလက်များ အနေဖြင့် တူးမြောင်းမကြီးနှစ်ခု ၁၉ မိုင်၊ မြောင်းခွဲ တစ်ခု မိုင် ၂၀၊ လက်တံမြောင်းများ ၂၄ ခု  ၇၅ မိုင်၊ လက်တံမြောင်းခွဲများ ၂၀၆ ခု  ၃၅၈ မိုင်၊ တူးမြောင်း အဆောက်အအုံ ၃၅၉၅ ခုဖြစ်ပြီး ဖြူးချောင်း ရေလှောင်တမံ၏ အမျိုးအစားမှာ  ဇုန်အမျိုးအစား ကျောက်ဖြည့်တမံဖြစ်ကြောင်း သိရသည်။                         

Read 21 times Last modified on Tuesday, 14 January 2020 08:57