SJ WorldNews - шаблон joomla Авто

YBS အထူးယာဉ်မောင်း သင်တန်းကို ယာဉ်မောင်းလိုင်စင် သက်တမ်းသုံးနှစ် ရှိသူများ လျှောက်ထားနိုင်

Tuesday, 14 January 2020 09:19 font size decrease font size decrease font size increase font size increase font size

YBS ယာဉ်လိုင်းများတွင် မောင်းနှင်လျက်ရှိသည့် ယာဉ်မောင်းများ အတွက် အထူးယာဉ်မောင်း သင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယာဉ်မောင်းလိုင်စင်သက်တမ်း သုံးနှစ်ရှိသူများ  လျှောက်ထားခွင့်ပြုကြောင်း    ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး    ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA) တွဲဖက်အတွင်းရေးမှူး ဦးလှအောင်၏ ပြောကြားချက်အရ  သိရသည်။

အဆိုပါသင်တန်းကို ယာဉ်မတော်တဆမှုများ လျှော့ချနိုင်ရန်နှင့် စည်းကမ်းလိုက်နာနိုင်ရန် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန(က.ည.န)နှင့် YRTA  တို့ ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ပြီး ကနဦးတွင်  ယာဉ်မောင်းနှင်ခွင့်ကို   လိုင်စင်သက်တမ်း ငါးနှစ်ရှိမှသာ ခွင့်ပြုခဲ့သော်လည်း လက်ရှိ တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏  ပေါင်းစပ်ညှိနှိုင်းမှုကြောင့် ဖြေလျှော့မှု အနေဖြင့် အထူးယာဉ်မောင်း သင်တန်း၌ လိုင်စင်သက်တမ်း  သုံးနှစ်ရှိသူများကိုပါ  တက်ရောက်နိုင်ရန် စီစဉ်ခြင်းဖြစ်သည်။ လက်ရှိတွင် ယာဉ်လိုင်းများ၌ မောင်းနှင်နေသော ယာဉ်မောင်းများအနေဖြင့် သတ်မှတ်စည်းကမ်းများ လိုက်နာမောင်းနှင်ခြင်း ရှိ၊ မရှိကို ယာဉ်စစ်ဆေးရေး အဖွဲ့များဖြင့် ထိန်းချုပ် စစ်ဆေးလျက်ရှိပြီး   လိုက်နာခြင်းမရှိပါက စစ်ဆေး အရေးယူခြင်း ဖြစ်သည်။

““အခုသင်တန်းက မတော်တဆမှုလျှော့ချဖို့နဲ့  စည်းကမ်းလိုက်နာမှု အားကောင်းဖို့ ဆောင်ရွက်တာပါ။ ဒီအထူးသင်တန်းကနေ ယာဉ်မောင်းတွေရဲ့  စည်းကမ်းလိုက်နာမှု အားကောင်းလာရင်  တခြားအခက်အခဲတွေကိုလည်း ပြေလည်စေမယ်။ လက်ရှိ ယာဉ်မောင်းတွေကို ထိန်းချုပ်ရာမှာ ယာဉ်မောင်းတွေရဲ့ မောင်းနှင်မှု အချက်အလက်တွေကို သိရှိနိုင်ဖို့   ယာဉ်မောင်း  Smart Card တွေ ထုတ်ပေးတယ်။ အင်အားဖြည့်တင်းတဲ့ အနေနဲ့ သင်တန်းတွေပေးပြီး ယာဉ်မောင်းတွေကို မွေးထုတ်ပေးနေပါတယ်ဟု ဦးလှအောင် ကပြောသည်။

လက်ရှိတွင် ယာဉ်မောင်းလိုင်စင်သက်တမ်းကို လျှော့ချ လျှောက်ထားနိုင်ရန် စိတ်ပညာ စစ်ဆေးခြင်း၊ အမြင်အာရုံ၊ အကြားအာရုံ စစ်ဆေးခြင်းတို့ပြုလုပ်၍  ထောက်ခံ ချက်ရရှိပြီးမှသာ YBS အထူးယာဉ်မောင်း သင်တန်းသို့ တက်ရောက်စေ၍ ယာဉ်မောင်းနှင်မှု ဘာသာရပ်၊   အင်ဂျင်နီယာ ဘာသာရပ်၊  ပြည်သူ့နီတိ၊  ကြက်ခြေနီနှင့်  မီးဘေးအန္တရာယ် ဘာသာရပ်တို့ကို သင်ကြားပေးခြင်းဖြစ်ကြောင်း သိရသည်။            

Read 29 times Last modified on Thursday, 16 January 2020 12:00