SJ WorldNews - шаблон joomla Авто

စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ခရီးသွားလုပ်ငန်း နေရာနှစ်နေရာသို့ ပြည်တွင်းပြည်ပ ခရီးသွား ၁၉၀၀ ကျော် ၀င်ရောက် လည်ပတ်ခဲ့

Tuesday, 14 January 2020 10:00 font size decrease font size decrease font size increase font size increase font size

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ် နွယ်ငြိမ်းကျေးရွာနှင့်  ၀က်လက်မြို့နယ် အင်ဒေါင်းကျေးရွာတို့ရှိ  ရပ်ရွာအခြေပြု ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းနေရာ နှစ်နေရာသို့ ၂၀၁၉ ခုနှစ်   ဒီဇင်ဘာလကုန်အထိ ပြည်တွင်း/ပြည်ပ   ခရီးသွားဧည့်သည် ၁၉၇၆ ဦး ၀င်ရောက် လည်ပတ်ခဲ့ကြောင်း သိရသည်။

နွယ်ငြိမ်းရပ်ရွာအခြေပြု ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းတွင် မြန်မာ့ရိုးရာ စဥ့်လုပ်ငန်းစဉ်များကို အသေးစိတ် လေ့လာနိုင်မည်ဖြစ်ပြီး အင်ဒေါင်းရပ်ရွာအခြေပြု  ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းတွင် ဧရာဝတီ လင်းပိုင်များကို လေ့လာနိုင်သည့် အပြင်   ဧရာဝတီ လင်းပိုင်နှင့် ဒေသခံ ရေလုပ်သားများ ပူးပေါင်းပြီး ငါးဖမ်းသည့် အလေ့အထကို  လေ့လာနိုင်မည်ဖြစ်ကြောင်း သိရသည်။

““ရပ်ရွာအခြေပြု ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းဖော်ဆောင်တဲ့  ကျေးရွာတွေမှာ ခရီးသွား ဧည့်သည်တွေ ညအိပ် တည်းခိုနိုင်ဖို့  လုံးချင်းအိမ်ရာတွေ တည်ဆောက်ပေးထားတယ်။ နွယ်ငြိမ်းမှာ တည်းခိုလေ့လာမယ်ဆိုရင်   စဥ့်လုပ်ငန်းနဲ့ ပတ်သက်တဲ့ အသေးစိတ်ကို လေ့လာနိုင်သလို၊ အင်ဒေါင်းမှာဆိုရင်လည်း ဧရာဝတီလင်းပိုင်တွေကို စောင့်ကြည့်လေ့လာနိုင်ဖို့  မျှော်စင်တွေ တည်ဆောက်ပေးထားပါတယ်”” ဟု  တိုင်းဒေသကြီး  ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန ဦးစီးမှူး ဦးအောင်သူဦး က ပြောသည်။

၂၀၁၉ ခုနှစ်  ဒီဇင်ဘာလကုန်အထိ စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘိုမြို့နယ် အတွင်းရှိ နွယ်ငြိမ်းရပ်ရွာ အခြေပြု ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းသို့ ပြည်တွင်းခရီးသွား ၁၀၀ ဦးနှင့်ပြည်ပ ခရီးသွား ၆၂၇ ဦး ညအိပ်တည်းခို လည်ပတ် ခဲ့သည်။

ထို့ပြင် အင်ဒေါင်းရပ်ရွာ အခြေပြု ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းသို့  ပြည်တွင်းခရီးသွား ၈၃၄ဦးနှင့် ပြည်ပခရီးသွား ဧည့်သည် ၄၁၅ ဦးတို့   ညအိပ်တည်းခို လည်ပတ်ခဲ့ကြောင်း  စစ်ကိုင်းတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။

Read 28 times Last modified on Tuesday, 14 January 2020 10:01