SJ WorldNews - шаблон joomla Авто

သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေပေးအပ်

Tuesday, 14 January 2020 10:29 font size decrease font size decrease font size increase font size increase font size

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် အတွင်းရှိ အသက် ၈၅ နှစ်နှင့် အထက် သက်ကြီးအဘိုး၊ အဘွား ၃၅၉ ဦးအား ဇန်န၀ါရီ ၁၂ ရက်နံနက်ပိုင်းက ကြာအင်းဆိပ်ကြီးမြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ခန်းမ၌ သက်ကြီးဘိုးဘွားများအား ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။

ထောက်ပံ့ငွေပေးအပ်ပွဲတွင် ကရင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က အမှာစကား ပြောကြားပြီး အဘိုး၊ အဘွား တစ်ဦးလျှင် တစ်လထောက်ပံ့ငွေကျပ် ၁၀၀၀၀ နှုန်းဖြင့် ၃၅၉ ဦးအား သုံးလစာ ထောက်ပံ့ငွေ စုစုပေါင်း ၁၀၇၇၀၀၀၀ ကို မြို့နယ်အုပ်ချုပ်ရေးမှူးထံ ပေးအပ်သည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသော အသက် ၈၅ နှစ်နှင့်အထက် သက်ကြီး အဘိုး၊ အဘွားများအား ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ၀န်ကြီးများက နေရာအရောက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း   သိရသည်။ 

Read 60 times Last modified on Tuesday, 14 January 2020 10:30