SJ WorldNews - шаблон joomla Авто

၂ဝ၁၉ ခုနှစ်အတွင်း မိုးကုတ်ဒေသသို့ နိုင်ငံခြားခရီးသွားဧည့်သည် ၁၅ဝဝ ကျော်ဝင်ရောက်

Wednesday, 15 January 2020 09:28 font size decrease font size decrease font size increase font size increase font size

မိုးကုတ်  ဇန်နဝါရီ   ၁၄

၂ဝ၁၉  ခုနှစ်အတွင်း မိုးကုတ်ဒေသ (ပတ္တမြားမြေ)သို့ နိုင်ငံခြားခရီးသွားဧည့်သည် ၁၅ဝဝ ကျော် ဝင်ရောက် လည်ပတ် ခဲ့ရာ တရုတ် နိုင်ငံသားအများဆုံးဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။

မန္တလေးတိုင်းဒေသကြီး  ပြင်ဦးလွင်ခရိုင်  မိုးကုတ်မြို့သို့  နိုင်ငံခြားခရီးသွားဧည့်သည်များ လာရောက် လည်ပတ် ရာတွင် မန္တလေး- မတ္တရာ- စဥ့်ကူ-သပိတ်ကျင်း-မိုးကုတ်ခရီးစဉ် အတိုင်းသွားလာကြရန် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ခွင့်ပြုပေးခဲ့ရာ ၂ဝ၁၉ ခုနှစ် တစ်နှစ်တာကာလအတွင်း နိုင်ငံခြားခရီးသွား ဧည့်သည်စုစုပေါင်း ၁၅၄၅ ဦး ဝင်ရောက် လည်ပတ်ခဲ့သည်။

''စတင်ခွင့်ပြုတဲ့အချိန်ကနေ  အခုထိ မိုးကုတ်ဒေသကို  နိုင်ငံခြားခရီးသွားဧည့်သည် ဝင်ရောက်မှုများတဲ့လရှိသလို နည်းသွားတဲ့ လတွေလည်းရှိပါတယ်။ အများဆုံးလာတဲ့ နိုင်ငံသားတွေကတော့  တရုတ်နိုင်ငံသားတွေပါ။ ပြင်သစ် နိုင်ငံသားတွေနဲ့ အိန္ဒိယနိုင်ငံသား တွေလည်း အလာများတယ်။ လာလည်ကြတဲ့ ပြည်ပနိုင်ငံပေါင်း  ၂၇ နိုင်ငံအထိရှိ ပါတယ်'' ဟု ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးခင်မောင်စိုးကပြောသည်။

ထိုသို့ မိုးကုတ်ဒေသသို့ နိုင်ငံခြားခရီး သွားဧည့်သည် ပြန်လည်ဝင်ရောက်ခွင့်ပြုပြီး ချိန်မှစ၍ ၂ဝ၁၉ ခုနှစ် ဇန်နဝါရီ လက ၁ဝ၅ ဦး၊ ဖေဖော်ဝါရီလက ၁၅၆  ဦး၊ မတ်လက  ၁၄၆ ဦး၊ ဧပြီလက ၇၂ ဦး၊ မေလက ၁၅၉ ဦး၊  ဇွန်လက ၁၁၈ ဦး၊ ဇူလိုင်လက ၁၁၃ ဦး၊ သြဂုတ်လက ၉၃ ဦး၊ စက်တင်ဘာလက ၆၈ဦး၊ အောက်တိုဘာလက ၂ဝ၇ ဦး၊ နိုဝင်ဘာလက ၁၈၃ ဦးနှင့် ဒီဇင်ဘာလက ၁၂၅ ဦး စုစုပေါင်း ၁၅၄၅ ဦး ဝင်ရောက်ခဲ့သည်။ 

ထိုသို့ဝင်ရောက်ခဲ့ရာတွင် တရုတ်နိုင်ငံသား ခရီးသွားဦးရေ ၄၆  ဦးဖြင့်  အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးအနေဖြင့် ပြင်သစ်နိုင်ငံသား ၁၃  ဦးနှင့် အိန္ဒိယနိုင်ငံသားခရီးသွား ၁၃ ဦးတို့ အသီးသီးဝင်ရောက်လည်ပတ်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။     

လင်းကြည်လင်း

 

Read 32 times Last modified on Wednesday, 15 January 2020 09:30