SJ WorldNews - шаблон joomla Авто

Kalaw Haven လုံးချင်းအိမ်ရာ အရောင်းပြပွဲ ကျင်းပ

Sunday, 19 January 2020 11:40 font size decrease font size decrease font size increase font size increase font size

iMyanmarHouse.com  မှ ကြီးမှူး၍ Kalaw Haven လုံးချင်းအိမ်ရာ အရောင်းပြပွဲကို ဇန်န၀ါရီ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် ရန်ကုန်မြို့ရှိ Sedona Hotel ကျင်းပလျက် ရှိကြောင်း သိရသည်။
““Kalaw Haven စီမံကိန်းက ကလောမြို့ နှီးဘုရား အနီးမှာရှိပါတယ်။ ပြပွဲအတွင်း ၀ယ်ယူသူတွေကို အထူးသက်သာတဲ့ဈေးနှုန်းတွေနဲ့   ရောင်းချပေးမှာပါ။  အခုမှ စတင် အရောင်းဖွင့်မှာဖြစ်လို့ အကွက်ကောင်းတွေကို  ဦးဦးဖျားဖျား လာရောက်ဝယ်ယူကြဖို့ ဖိတ်ခေါ်ပါတယ်”” ဟု ပြပွဲစီစဉ် ကျင်းပသည့် iMyanmarHouse.com မှ မန်နေးဂျင်းဒါရိုက်တာ ဦးနေမင်းသူ ကပြောသည်။
Kalaw Haven စီမံကိန်းသည် ကလောမြို့ ပင်မကုန်း နှီးဘုရားတောင်အောက်၌ တည်ရှိပြီး စီမံကိန်းအနီးတွင် နှီးဘုရား၊ ရွှေဥမင်ဘုရားနှင့် Snow White Hotelတို့ရှိသည်။ အိမ်အကျယ်အ၀န်း အနေဖြင့် စတုရန်းပေ  ၁၃၅၅  ပေမှ ၁၄၅၀ ကျော် တည်ဆောက်လျက်ရှိပြီး ငွေကျပ် သိန်း၁၀၀၀ ခန့်မှ စတင်ဝယ်ယူနိုင်ကာ ၀ယ်ယူသူ အမည်ပေါက် ဂရန် ထုတ်ပေးမည်ဖြစ်သည်။
ထို့ပြင် စီမံကိန်းအတွင်း Convenience Store ၊ Coffee Shop ၊ 24 Hours Security ၊ CCTV System ၊ Transformer ၊ Generator  နှင့်  Centralized Water System တို့ ပါဝင်မည်ဖြစ်ပြီး Club House ကိုလည်း ထည့်သွင်း တည်ဆောက်လျက်ရှိသည်။ အရောင်းပြပွဲ နှစ်ရက်အတွင်း ၀ယ်ယူပါက ၂၀ ရာခိုင်နှုန်း Discount ရရှိနိုင်မည့်အပြင် ၂၄ လအထိ အတိုးမဲ့ အရစ်ကျစနစ်ဖြင့် ၀ယ်ယူနိုင်မည် ဖြစ်ကြောင်း သိရသည်။
Read 48 times Last modified on Sunday, 19 January 2020 11:41