SJ WorldNews - шаблон joomla Авто

School Bus ၁၀၇ စီးဖြင့် ကျောင်းသား ကျောင်းသူ ၁၈၀၀ ကျော်ကို ပို့ဆောင်ပေးနေ

Sunday, 19 January 2020 13:23 font size decrease font size decrease font size increase font size increase font size

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အလိုက် School Bus သယ်ယူပို့ဆောင်ရေးစနစ်ကို  ၂၀၁၈ ခုနှစ် ဇွန်လမှ ၂၀၂၀ ပြည့်နှစ် ဇန်န၀ါရီလအထိ ယာဉ်အစီးရေ ၁၀၇  စီးဖြင့်  ပို့ဆောင်ပေးလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး   ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) မန်နေးဂျင်း ဒါရိုက်တာ ဦးအောင် ညီညီမော် ၏ပြောဆိုချက်အရ သိရသည်။
““School Busတွေမှာ  ကလေးငယ်တွေရဲ့လုံခြုံမှုကို  အချိန်ပြည့် ၀န်ဆောင်မှု ပေးနိုင်ဖို့ ဖုန်းနဲ့ချိတ်ဆက်ပြီး ကျောင်းသားတစ်ဦးချင်းစီကို    Smart Card တစ်ကတ်စီ ထုတ်ပေးထားတယ်။ ကျောင်းသား၊ ကျောင်းသူတွေ ကားပေါ်ရောက်ရင် ကတ်နဲ့ မှတ်ပုံတင်မယ်၊ ကျောင်းဆင်းလို့ အိမ်ပြန်ရင် တစ်ခါ မှတ်ပုံတင်မယ်။   ဒါတွေကို ပြောင်းလဲပြီး ၀န်ဆောင်မှု ပေးထားပါတယ်။    ဒါ့ပြင် ကျောင်းကားမှာ ဆေးသေတ္တာတွေပါ ထားပေးထားတယ်။  မိဘတွေ  စုံစမ်းနိုင်မယ့် ၀န်ဆောင်မှုဌာနတွေ ဖွင့်လှစ်ထားတယ်။  အဓိကကတော့ ကျောင်းသား၊ ကျောင်းသူတွေအတွက် ဘေးကင်းလုံခြုံ စိတ်ချစေဖို့  စီစဉ်တာပါ””ဟု ဦးအောင်ညီညီမော် ကပြောသည်။
လက်ရှိတွင်   School Bus များဖြင့် ရန်ကုန်ပညာရေး တက္ကသိုလ် လေ့ကျင့်ရေး အထက်တန်းကျောင်း ကမာရွတ်(TTC)၊ ပညာရေးကောလိပ် လေ့ကျင့်ရေး အလယ်တန်းကျောင်း ရန်ကင်း(TTC)၊ မြောက်ဥက္က လာပမြို့နယ်၌    ကျောင်းငါးကျောင်း၊ လသာ၊ မရမ်းကုန်း၊ စမ်းချောင်းနှင့် သင်္ဃန်း ကျွန်းမြို့နယ် အတွင်းရှိ အခြေခံပညာ ကျောင်း ငါးကျောင်း အပါအ၀င် စုစုပေါင်း ကျောင်း ၁၂ ကျောင်းကို လမ်းကြောင်းများ ဖြန့်ခွဲကာ   ပို့ဆောင်ပေးလျက် ရှိကြောင်း သိရသည်။    
 
Read 53 times Last modified on Sunday, 19 January 2020 13:24