SJ WorldNews - шаблон joomla Авто

ဗုဒ္ဓရုပ်ပွားတော်နှင့် ဆန်၊ ဆီပူဇော်လှူဒါန်း

Monday, 20 January 2020 07:25 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇန်န၀ါရီ  ၁၉

နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်၊ ခေတ်အေးအုပ်စု စက်ကုန်းကျေးရွာရှိ သဒ္ဓမ္မသုခဓမ္မရိပ်သာ အလိုတော်ပြည့် ဘုရားကြီးကျောင်းဝင်းအတွင်း   ဗုဒ္ဓဆင်းတုတော် ကံကော် ၁၀၀၀ တည်ထားကိုးကွယ်လျက်ရှိရာ  ကွန်ပျူတာ ဒီပလိုမာ   တပ်ကြပ်ကြီး/စာရေး သင်တန်းအမှတ်စဉ် (၂)မှ သူငယ်ချင်းများ စုပေါင်းပြုလုပ်သော (၁၅)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ်  ဗုဒ္ဓရုပ်ပွားတော် နှစ်ဆူ လှူဒါန်းပူဇော်ခြင်းနှင့် ဆန်၊ ဆီလှူဒါန်းခြင်း တို့ကို ယနေ့နံနက်ပိုင်းတွင် သဒ္ဓမ္မသုခဓမ္မ ရိပ်သာ၌ ကျင်းပသည်။

ရှေးဦးစွာ သဒ္ဓမ္မသုခဓမ္မရိပ်သာ အလိုတော်ပြည့် ဘုရားကြီးကျောင်း ဆရာတော် ကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တပညောဘာသထံမှ ငါးပါးသီလခံယူပြီး သံဃာတော် အရှင်သူမြတ်များက   မေတ္တသုတ်တရားတော် ရွတ်ဖတ်ပူဇော်ကြသည်။

ယင်းနောက် ဆရာတော် ဘဒ္ဒန္တပညောဘာသ အမှူးပြုသော  သံဃာတော်အရှင်သူမြတ်တို့အား န၀ကမ္မအလှူငွေနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး တရားတော်များ နာယူကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှဝေကြ သည်။

ထို့နောက် ပျဉ်းမနားမြို့  မဟာဗုဒ္ဓ၀င် သာသနာပြု မင်းဝင်တောင် စန္ဒာမုနိကျောင်းတိုက်ဆရာတော် ဘုရားကြီး  အရှင်စနိ္ဒမာသာရအား အမှူးပြု၍  သံဃာတော်အရှင်သူမြတ်များအတွက်    န၀ကမ္မအလှူငွေ၊ ဆန်ငါးအိတ်နှင့် ဆီသုံးပုံး ဆက်ကပ်လှူဒါန်းပြီး အရှင်စန်္ဒိမာသာရထံမှ ငါးပါးသီလ ခံယူကာ လှူဒါန်းမှုအစုစုအတွက်    ရေစက်သွန်းချ အမျှဝေခဲ့ကြကြောင်း သတင်းရရှိသည်။

 

Read 12 times Last modified on Monday, 20 January 2020 07:26