SJ WorldNews - шаблон joomla Авто

ကိုးကန့်တိုင်းရင်းသား မိသားစုရိုးရာ ပျော်ပွဲရွှင်ပွဲနှင့် တွေ့ဆုံပွဲ အခမ်းအနား ကျင်းပ

Monday, 20 January 2020 07:30 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇန်န၀ါရီ  ၁၉

ကိုးကန့်တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှု အသင်း(ရန်ကုန်)မှ   ကြီးမှူးကျင်းပသည့် ပထမအကြိမ် ကိုးကန့်တိုင်းရင်းသား မိသားစု ရိုးရာပျော်ပွဲရွှင်ပွဲနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီးရှိ ပြည်ထောင်စု တိုင်းရင်းသား ကျေးရွာ (ရန်ကုန်) ပြည်ထောင်စုခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းရင်းသား လူမျိုးများရေးရာ ၀န်ကြီးဌာန     ပြည်ထောင်စု ၀န်ကြီး နိုင်သက်လွင်က  အမှာစကားပြောကြားသည်။

ထို့နောက်  ရခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်က နှုတ်ခွန်းဆက်စကား ပြောကြားပြီး ကိုးကန့်တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအသင်း (ရန်ကုန်) မှ ကိုယ်စားလှယ်တစ်ဦးက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားသည်။

ယင်းနောက်ကိုးကန့်တိုင်းရင်းသား၊ တိုင်းရင်းသူများက ကိုးကန့်တိုင်းရင်းသား ရိုးရာအက၊ တာကောအက၊ တာပေါင်ပန်းပေါက်ပွဲ ရိုးရာဓလေ့နှင့်  တောင်ပေါ်ရိုးရာ သီချင်းတို့ဖြင့် လည်းကောင်း၊ ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ (ရန်ကုန်) ယဉ်ကျေးမှု အဖွဲ့က  ““သွေးချင်းတို့ဌာနေမြန်မာပြည် သီချင်း”” နှင့်““ထာဝရမြန်မာ တေးသီချင်း””တို့ဖြင့်လည်းကောင်း   ဖျော်ဖြေ တင်ဆက်ကြရာ  ပြည်ထောင်စုဝန်ကြီး  နိုင်သက်လွင်က ကိုးကန့်တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှု အဖွဲ့ကို ဂုဏ်ပြုဆုငွေများ ပေးအပ်သည်။

တိုင်းရင်းသား လူမျိုးများရေးရာ ၀န်ကြီးဌာနသည်   ပြည်ထောင်စု တိုင်းရင်းသား ကျေးရွာ(ရန်ကုန်)ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ၂၀၁၉ ခုနှစ် ဇွန် ၆ ရက်မှစ၍ လွှဲပြောင်းလက်ခံခဲ့ပြီး မူလရည်မှန်းချက်အတိုင်း  ယဉ်ကျေးမှု နယ်မြေအဖြစ် သတ်မှတ်နိုင်ရန်နှင့် တိုင်းရင်းသား လူမျိုးစုပေါင်းစုံ ပါဝင်လာနိုင်ရေးနှင့် တိုင်းရင်းသားလူမျိုးများ၏   ယဉ်ကျေးမှု ဓလေ့ထုံးစံများကို တစ်နေရာတည်းတွင် တစုတစည်းတည်း ထင်ရှားပေါ်လွင်စွာ လေ့လာနိုင်ခြင်းဖြင့် ပြည်ထောင်စုစိတ်ဓာတ် ပိုမိုကိန်းအောင်းခိုင်မာလာစေပြီး   တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပိုမိုဖြစ်ထွန်းလာစေရေးအတွက် တိုင်းရင်းသားလူမျိုးများ၏ ပွဲတော်များကို ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာ(ရန်ကုန်)၌ ကျင်းပလျက်ရှိသည်။

ထို့ပြင် မိဘပြည်သူများ အပန်းဖြေနိုင်ရန် အပတ်စဉ်ဖျော်ဖြေရေး အစီအစဉ်များတွင် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း အဖွဲ့များ၏ ရိုးရာယဉ်ကျေးမှု ဖျော်ဖြေတင်ဆက်မှု အပါအ၀င် သာသနာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာနမှ  ပူးပေါင်းဖျော်ဖြေတင်ဆက်မှုတို့ဖြင့် တိုးမြှင့်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

Read 20 times Last modified on Monday, 20 January 2020 07:31