SJ WorldNews - шаблон joomla Авто

ပြည်ထောင်စုရာထူးဝန် အဖွဲ့ ဥက္ကဋ္ဌ နိုင်ငံ့ဝန်ထမ်း ပြန်တမ်းဝင်အရာရှိ အဆင့် ၀င်ပေါက် ရာထူးများအတွက် ဒုတိယအဆင့် ရေးဖြေစာမေးပွဲ ကျင်းပနေမှု ကြည့်ရှုအားပေး

Monday, 20 January 2020 08:05 font size decrease font size decrease font size increase font size increase font size

ရန်ကုန်   ဇန်န၀ါရီ   ၁၉

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြော်ငြာစာအမှတ်(၃/၂၀၁၉)ပါ ၀န်ကြီးဌာနနှင့် အဖွဲ့အစည်း ကိုးခုမှ  ပြန်တမ်းဝင်အရာရှိအဆင့် လစ်လပ်ရာထူး ၃၀၁ နေရာအတွက် ဒုတိယအဆင့် ရေးဖြေစာမေးပွဲကို ဇန်န၀ါရီ ၁၈ ရက်မှ ၁၉ ရက်အထိ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မကွေးနှင့် မော်လမြိုင် မြို့တို့ရှိ စာစစ်ဌာနငါးခု၌ တစ်ပြိုင်တည်း ကျင်းပလျက်ရှိသည်။

အဆိုပါ စာစစ်ဌာနများအနက် ရန်ကုန်မြို့ရှိ အမှတ်(၇) အခြေခံပညာ အထက်တန်းကျောင်း အလုံစာဖြေဌာန၌ သုတရေးရာ ဘာသာရပ်ဖြေဆိုနေမှုကို ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ  ဦးဝင်းသိမ်းသည် ယနေ့နံနက်ပိုင်းတွင် ကြည့်ရှုစစ်ဆေးပြီး စာမေးပွဲဖြေဆိုသူများကို အားပေးစကား ပြောကြားသည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့ အနေဖြင့် ၀န်ကြီးဌာန/အဖွဲ့အစည်း အသီးသီးအတွက် လိုအပ်သော အရည်အသွေးမြင့် အရာထမ်းများကို ရွေးချယ်ပေးလျက်ရှိပြီး နိုင်ငံ့ဝန်ထမ်း ပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာစီမံချက်ပါ ဦးစားပေး နယ်ပယ်တစ်ခုဖြစ်သည့် အရည် အချင်းကိုအခြေခံ၍ လူမှန်၊ နေရာမှန်ဖြစ်စေရေး အတွက် ရွေးချယ်ရေး လုပ်ငန်းစဉ်များကို အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၇ ရက်တွင် ကျင်းပခဲ့သည့် ပထမအဆင့် ပဏာမစစ်ဆေးခြင်း ရေးဖြေစာမေးပွဲမှ အောင်မြင်သူ ၉၆၅ ဦးကို မြန်မာစာ၊ အင်္ဂလိပ်စာနှင့် သုတရေးရာ ဘာသာရပ်သုံးခုဖြင့် စစ်ဆေးသည့် ဒုတိယအဆင့် ရေးဖြေစာမေးပွဲကို စာစစ်ဌာနငါးခု ၌ ကျင်းပရာ ၀င်ရောက်ဖြေဆိုသူ ၈၉၇ ဦး ရှိကြောင်း သတင်း ရရှိသည်။

Read 21 times Last modified on Monday, 20 January 2020 08:06