SJ WorldNews - шаблон joomla Авто

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနနှင် Mainly I Love Kids (MILK), Myanmar တို့အကြား သဘောတူညီမှု စာလွှာ လက်မှတ်ရေးထိုးပွဲ ကျင်းပ

Monday, 20 January 2020 08:11 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇန်န၀ါရီ  ၁၉

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနနှင့် Mainly I  Love  Kids  (MILK),  Myanmar တို့အကြား Dreams University စီမံကိန်း၏ ကနဦးဆောင်ရွက်မည့်   အသက်မွေးဝမ်းကျောင်း ပညာရပ်များ လေ့ကျင့်သင်ကြားရေး အတွက်  ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှု စာလွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို   ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ  အဆိုပါဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ယနေ့လက်မှတ် ရေးထိုးသည့်  အသက်မွေးဝမ်းကျောင်း လုပ်ငန်း ပညာရပ်များ  လေ့ကျင့်သင်ကြားပေးရေး ပူးပေါင်းဆောင်ရွက်မည့် သဘောတူစာချုပ်သည်  ရခိုင်ပြည်နယ် အတွင်းရှိ လူငယ်များအား လူ့အဖွဲ့အစည်းအတွင်း ပိုမိုဝင်ဆံ့စေရေး၊ မတူကွဲပြားသည့် ယဉ်ကျေးမှုများကို ပိုမိုတန်ဖိုးထားတတ်စေရေး၊ လူမှုသဟဇာတ ဖြစ်စေရေးနှင့် အရည်အသွေး ပြည့်ဝသည့် အနာဂတ်လူငယ် ခေါင်းဆောင်များနှင့် ပူးပေါင်း ဆောင်ရွက်တတ်သူများ  ဖြစ်လာစေရေးတို့အတွက်  ပညာရေး အစီအစဉ်များ ဆောင်ရွက်ပေးရန် ဖြစ်ကြောင်း။

ရခိုင်ပြည်နယ်တွင် အားလုံး အကျုံးဝင်သည့် ဖွံ့ဖြိုးတိုးတက်ရေး တည်ဆောက်နိုင်ရန် ရခိုင်ပြည်သူများ ပါဝင်ရန်  အရေးကြီးဆုံးဖြစ်ကြောင်း၊ ဤစီမံကိန်းသည် ပြည်သူ့အကျိုးပြု လုပ်ငန်းစဉ်များ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး လူငယ်များအတွက် ပညာရေးနှင့် အသက်မွေးဝမ်းကျောင်း အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်ကြောင်း၊ ရခိုင်ပြည်နယ်၏ လူငယ်များအပါအ၀င် ရပ်ရွာလူထုတစ်ရပ်လုံး ပါဝင်ကြရန်  လိုအပ်ကြောင်း၊ ပညာရေးသည် လူ့အဖွဲ့အစည်း၏ အနာဂတ်ကို ပုံဖော်ပေးနိုင်ရန် အရေးကြီးသည့် ကိရိယာတစ်ခု ဖြစ်သည့်အတွက် မိမိတို့အနေဖြင့် ယခုစီမံကိန်းကို အထူးအလေးထား ဖော်ဆောင်ကြမည်ဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်းရှိ ပြည်သူများအတွက် အကျိုးပြုနိုင်မည်ဟု ယုံကြည်ကြောင်း၊ စီမံကိန်းအောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး အတွက် ရခိုင်ပြည်နယ် အစိုးရ၊ လွှတ်တော်၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများက ၀ိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် Mainly I Love Kids (MI LK), Myanmar အဖွဲ့အစည်းမှ ညွှန်ကြားရေးမှူး  Mr. Tan PohLeng   Stanley က ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီမှု စာလွှာလက်မှတ် ရေးထိုးရခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များကို   ရှင်းလင်းဆွေးနွေး တင်ပြသည်။

ယင်းနောက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်နှင့် Mainly  I  Love Kids (MILK),  Myanmar အဖွဲ့အစည်းမှ ညွှန်ကြားရေးမှူး Mr. Tan PohLeng Stanley  တို့က ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီမှု စာလွှာကို လက်မှတ်ရေးထိုး လဲလှယ်ကြသည်။

အခမ်းအနားသို့    ဒုတိယ၀န်ကြီး ဦးစိုးအောင်၊  ရခိုင်ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြသန်း၊  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

Read 19 times Last modified on Monday, 20 January 2020 08:12