SJ WorldNews - шаблон joomla Авто

ပုဂံရောက် အမှတ်တရ ဘုရားဆင်းတုတော်များကို ပြည်တွင်း ဘုရားဖူး ဧည့်သည်များ အကြိုက်တွေ့၍ ၀ယ်ယူအားပေး

Tuesday, 21 January 2020 10:14 font size decrease font size decrease font size increase font size increase font size

ကမ္ဘာ့အမွေအနှစ် စာရင်းဝင်   ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှု နယ်မြေသို့ လာရောက်ကြသည့် ပြည်တွင်းဘုရားဖူး ဧည့်သည်များသည် ပုဂံဒေသ အမှတ်တရ အဖြစ်   ပုဂံမြို့ လောကနန္ဒာ ဘုရားအနီး ဈေးသည်များ ရောင်းချသည့် ဆင်းတုတော်များကို အကြိုက်တွေ့ကာ ၀ယ်ယူအားပေးမှုများကြောင်း အဆိုပါ လောကနန္ဒာဘုရားအနီး ပုဂံရောက် အမှတ်တရ ဘုရားဆင်းတုတော် ရောင်းချနေသည့် ဈေးသည်များထံမှ သိရသည်။

““ခရီးသွားရာသီဖြစ်လို့    အခုရက်ပိုင်း ပုဂံရောက်အမှတ်တရ ဘုရားဆင်းတုတော်တွေ ရောင်းရလို့ လုပ်ငန်း အဆင်ပြေပါတယ်။ ဒီကိုလာတဲ့ ပြည်တွင်းဘုရားဖူး ဧည့်သည်တွေဟာ ရှေးဟောင်းသမိုင်းဝင် တန်ခိုးကြီး ဘုရားတွေကို အများဆုံး သွားရောက်ဖူးမြော် လည်ပတ်ကြတာများပြီး ဘုရားဖူးပြီးရင် အိမ်အပြန်လက်ဆောင်အဖြစ် ပုဂံအမှတ်တရ ဘုရားဆင်းတုတော်တွေကို ၀ယ်ယူအားပေးကြပါတယ်။ ဘုရားဆင်းတုတော်တွေကို  ကျွန်မတို့ပုဂံမြို့က လောကနန္ဒာ ဘုရားအပြင် သမိုင်းဝင် တန်ခိုးကြီးဘုရားတွေမှာ ရောင်းချကြပါတယ်။ ပြီးခဲ့တဲ့လကဆိုရင် ပြည်တွင်းပြည်ပ ဘုရားဖူးဧည့်သည် တစ်ဦးကို  ငွေကျပ် ၁၂ သိန်းတန် ဘုရားဆင်းတုတော်တစ်ဆူ   ရောင်းချလိုက်ရ ပါသေးတယ်။ အများဆုံးရောင်းချရတဲ့ ဘုရားဆင်းတုတော်တွေကတော့ အလိုတော်ပြည့် ဘုရား ဆင်းတုတော်ဖြစ်ပါတယ်။ အလိုတော်ပြည့်ဘုရား ဆင်းတုတော်ကတော့ အနည်းဆုံးငွေကျပ် ၂၀၀၀ မှ အများဆုံး ငွေကျပ် ၆၀၀၀၀၀  အထိရှိပါတယ်။   ကျွန်မတို့လို ပုဂံရောက် အမှတ်တရလက်ဆောင်ပစ္စည်း ရောင်းချသူတွေအနေနဲ့ ဘုရားဖူးခရီးသွား ဧည့်သည်တွေကို အမှီပြုပြီး ဈေးရောင်းရတာဖြစ်လို့    ဘုရားဖူးဧည့်သည်တွေ အလာများတဲ့   နှစ်သစ်ကူး ရုံးပိတ်ရက်၊ တန်ဆောင်တိုင် ရုံးပိတ်ရက်နဲ့ နေ့ထူးနေ့မြတ် အခါကြီးရက်ကြီးတွေမှာ ဈေးရောင်းကောင်းပြီး  လုပ်ငန်း အဆင်ပြေတာဖြစ်ပါတယ်””ဟု ပုဂံမြို့ လောကနန္ဒာဘုရား ရင်ပြင်တော်ပေါ်ရှိ ပုဂံအမှတ်တရ ဘုရား ဆင်းတုတော်များ ရောင်းချနေသည့်   ဈေးသည် အမျိုးသမီးတစ်ဦးက ပြောသည်။

ပုဂံရောက်အမှတ်တရ ဘုရားဆင်းတုတော်များကို အနည်းဆုံး ငွေကျပ် ၅၀၀ မှ အများဆုံးငွေကျပ် ၁၂    သိန်းတန်အထိ ရောင်းချကြကြောင်း    ဈေးသည်များထံမှ သိရသည်။

Read 30 times Last modified on Tuesday, 21 January 2020 10:15