SJ WorldNews - шаблон joomla Авто

ရန်ကုန်မော်တော်ယာဉ် ဈေးကွက်တွင် စလစ်ဈေးနှုန်းများ ကျဆင်း

Tuesday, 21 January 2020 10:50 font size decrease font size decrease font size increase font size increase font size

ရန်ကုန်မော်တော်ယာဉ် ဈေးကွက်တွင် စလစ်ဈေးနှုန်းများ ငွေကျပ် ၁၅ သိန်းအထိ ကျဆင်းသွားကြောင်း  မော်တော်ယာဉ် ၀ယ်ရောင်း ပြုလုပ်သူများထံမှ သိရသည်။

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (က-ည-န) အနေဖြင့် သိမ်းဆည်းခဲ့သည့် ဖောက်စွပ်ယာဉ်များကို  စလစ်များ ထုတ်ပေးနေခြင်း၊ ၁၉၉၉ မော်ဒယ်မှ ၂၀၀၃ မော်ဒယ်အထိ ခရီးသည်တင်ယာဉ်များအား စလစ်ထုတ်ပေးခြင်း၊ အစိုးရမှ ၀န်ထမ်းများအား မော်တော်ယာဉ်တင်သွင်းခွင့် ပါမစ်များ ထုတ်ပေးမည့် သတင်းများကြောင့် စလစ်ဈေးနှုန်း ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

““ဈေးကွက်မှာ စလစ်တွေများပြီး စလစ်ဈေးက သိသိသာသာ အောက်ရောက်သွားတယ်။ အစကတည်းက မော်တော်ယာဉ် တင်သွင်းမှုနည်းလို့  စလစ်ဈေး ကျနေတာ၊ ၀န်ထမ်းတွေကို ပါမစ်ချပေးမယ်ဆိုတဲ့ သတင်းကြောင့်  ငွေကျပ် သိန်း ၁၀၀ အောက် ၀န်းကျင်ပဲ ရှိတော့တယ်””ဟု မော်တော်ယာဉ် ရောင်းဝယ်သူများအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဝင်း ကပြောသည်။

ယခင် နှစ် ၂၀ စလစ်တစ်စောင်လျှင် ငွေကျပ်  ၁၁၅ သိန်းအထိ ရှိခဲ့ပြီး လက်ရှိတွင် စလစ်များ ပေါလာသည့်အတွက် ငွေကျပ် သိန်း ၁၀၀ အောက် သိသိသာသာ ကျဆင်းသွားခြင်းဖြစ်သည်။

လက်ရှိ  ရန်ကုန်မော်တော်ယာဉ် ဈေးကွက်တွင် အခွန်သက်သာခွင့်ဖြင့် မော်တော်ယာဉ် တင်သွင်းခွင့်အပေါ် ဆက်လက် စောင့်ကြည့်နေသည့်အတွက်  မော်တော်ယာဉ် အဟောင်းရော အသစ်ပါ အရောင်းအ၀ယ် အေးနေကြောင်း သိရသည်။

လတ်တလောတွင် တကယ်လိုအပ်သည့် လုပ်ငန်းရှင်များသာ အ၀ယ်ရှိပြီး ငွေကျပ် သိန်း ၂၀၀ ၀န်းကျင် မော်တော်ယာဉ်များသာ အရောင်းအ၀ယ် ရှိကြောင်း သိရသည်။                           

Read 36 times Last modified on Tuesday, 21 January 2020 10:51