SJ WorldNews - шаблон joomla Авто

အိုးအိမ်မဲ့များအတွက် ဆောက်လုပ်နေသည့် နေအိမ်များ၌ ဧပြီလအတွင်း စမတ်ကတ် ရရှိထားသူများ နေထိုင်ခွင့်ရရန် လျာထား

Tuesday, 21 January 2020 10:56 font size decrease font size decrease font size increase font size increase font size

ရန်ကုန်တိုင်းဒေသကြီး ဒဂုံ(အရှေ့ပိုင်း)နှင့် ဒဂုံ(တောင်ပိုင်း) မြို့နယ်တို့၌ စမတ်ကတ် ရရှိထားသည့် အိုးအိမ်မဲ့များ အတွက်   ဆောက်လုပ်နေသည့် မေ့မေတ္တာအိမ်ရာ စီမံကိန်း ပြီးစီးတော့မည်ဖြစ်ရာ ဧပြီလအတွင်း နေထိုင်နိုင်ရန် လျာထားကြောင်း ပျိုမေ့အိမ် လူမှုဖွံ့ဖြိုး တိုးတက်ရေး အသင်း (အင်းစိန်) ဒါရိုက်တာ ဒေါ်ဗန်လီဇာအောင်၏ ပြောပြချက်အရ သိရသည်။

အဆိုပါစီမံကိန်းများ အတွက် ဒဂုံ(အရှေ့ပိုင်း)မြို့နယ်၌ နေအိမ် ၂၉၈ လုံးနှင့် ဒဂုံ (တောင်ပိုင်း) မြို့နယ်၌ နေအိမ် ၁၅၀ အထိ   ဆောက်လုပ်နိုင်ရန်  ပြီးခဲ့သည့် ခြောက်လခန့်မှ စတင်ကာ စမတ်ကတ် ရရှိထားသူများ၏ စာရင်းများ ကောက်ယူခြင်း၊ ၎င်းတို့၏   ၀င်ငွေထွက်ငွေစာရင်းများ ကောက်ယူခြင်း၊ ငွေချေးပေးမည့် ကုမ္ပဏီများနှင့် ချိတ်ဆက်ပေးခြင်း၊ အိမ်တည်ဆောက်သည့် ဗိသုကာ ပညာရှင်များနှင့် ချိတ်ဆက်ခြင်း၊ နေထိုင်မည့်သူများ နေထိုင်လိုသည့် ပုံစံများအတွက် အစည်းအဝေး ခေါ်ယူခြင်းတို့ အဆင့်ဆင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

““အခုတော့  ဆောက်လုပ်တဲ့အဆင့်ရောက်နေပါပြီ။ ဆောက်လုပ်ပြီးရင် သူတို့ နေထိုင်လို့ရမှာပါ။   စီမံကိန်းကတော့ မတ်လကုန်မှာ  ပြီးစီးတော့မှာ ဖြစ်ပါတယ်။

ဧပြီ ၁ ရက်မှာ စတင်နေထိုင်နိုင်မယ်လို့ လျာထားပါတယ်””ဟု ဒေါ်ဗန်လီဇာအောင် ကပြောသည်။

ထို့ပြင် နေထိုင်မည့်သူများအား မြေ ၂၂ ပေ x ၃၅  ပေပေါ်၌ ၁၈ ပေ x ၂၅ ပေရှိ နေအိမ် တည်ဆောက်ပေးမည်ဖြစ်ပြီး ငွေကျပ်သိန်း ၃၀ တန်ဖိုးရှိသည့် နေအိမ် ဆောက်လုပ်မည့် သူများသည်  တစ်လလျှင် ငွေကျပ် ၇၉၅၀၀ ပေးသွင်းရမည်ဖြစ်ကာ ငွေကျပ် ၂၅ သိန်း တန်ဖိုးရှိသည့် နေအိမ်ဆောက်လုပ်မည့် သူများသည်   တစ်လလျှင် ငွေကျပ် ၆၄၈၅၀ ပေးသွင်းရမည်ဖြစ်သည်။

ထိုသို့ပေးသွင်းရာတွင် လစဉ်အရစ်ကျဖြင့်   ခြောက်နှစ် ပေးသွင်းရမည်ဖြစ်ကာ နေအိမ်များကို   အငှားပြန်လည်ချထားခြင်း၊ ပေါင်နှံရောင်းချခြင်းမရှိဘဲ ကိုယ်တိုင် နေထိုင်ရမည်ဖြစ်ကြောင်း သိရသည်။

ယင်းစီမံကိန်းများသည်   ကျူးကျော် နေထိုင်ပြီး စမတ်ကတ် ရရှိထားသူများအား   စိစစ်ကာ   ရန်ကုန်တိုင်းဒေသကြီး အစိုးရ စီမံခန့်ခွဲပိုင်ခွင့်ရှိသည့်  မြေနေရာများမှ လူနေထိုင်၍   ရနိုင်သည့် မြေနေရာများ ဖြစ်သော လန (၃၉) ကျပြီးသည့်မြို့နယ်များ၌ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်  ပျိုမေ့အိမ်လူမှု ဖွံ့ဖြိုးတိုးတက်ရေး အသင်း (အင်းစိန်) တို့ပူးပေါင်းကာ နေအိမ်များ ဆောက်လုပ်ပေးခြင်းဖြစ်ကြောင်း    သိရသည်။    

Read 37 times Last modified on Tuesday, 21 January 2020 10:56