SJ WorldNews - шаблон joomla Авто

(၁ဝ၂)ကြိမ်မြောက် စာအောင်ဆုနှင်းသဘင် အခမ်းအနား ကျင်းပ

Wednesday, 22 January 2020 09:54 font size decrease font size decrease font size increase font size increase font size

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့က ကြီးမှူး၍ စေတိယင်္ဂဏ ပရိယတ္တိဓမ္မာနုဂ္ဂဟ   စာလျှောက်မေးပွဲ(၁ဝ၂)ကြိမ်မြောက် စာအောင်ဆုနှင်းသဘင် အခမ်းအနားကို ဇန်နဝါရီ ၂၁ ရက်က ရွှေတိဂုံစေတီရင်ပြင်တော် ရာဟုထောင့်ရှိ ချမ်းသာကြီး တန်ဆောင်း၌ ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ပြီး ရွှေတိဂုံစေတီတော်      ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ သြဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက  အဂ္ဂမဟာ ပဏ္ဍိတအဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ နိုင်ငံတော်သြဝါဒါစရိယ ဘဒ္ဒန္တဂုဏေသန ကျိုက်ပိကျောင်းဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ဆက်လက်၍ ဂေါပကအဖွဲ့  အလှည့်ကျသဘာပတိ ဦးထွန်းထွန်းဦးက  ပူဇော်ပွဲကျင်းပရခြင် အကြောင်း ဂုဏပူဇာမင်္ဂလာ လျှောက်ထားလွှာကိုဖတ်ကြားပြီး တာဝန်ရှိသူတို့က စာအောင်သံဃာတော်များအား ဘွဲ့တံဆိပ်နှင့် အောင်လက်မှတ်များ ဆက်ကပ်ကြသည်။ ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့   အကျိုးတော်ဆောင်ချုပ် အဂ္ဂမဟာပဏ္ဍိတ သ.စ.အ ဓမ္မာစရိယ   သန်လျင်မင်းကျောင်းဆရာတော် ဘဒ္ဒန္တစန္ဒိမာဘိဝံသထံမှ အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍   အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

''ဒီနေ့ကာလမှာ   ပရိယတ္တိသာသနာ အဓွန့်ရှည်ကြာစွာ  တည်တံ့ပြန့်ပွားစေဖို့ နိုင်ငံတော်အစိုးရက တိပိဋကဓရ တိပိဋကကောဝိဒစာမေးပွဲ၊ နိကာယ်စာမေးပွဲ၊ ပါဠိပထမပြန်စာမေးပွဲတွေကျင်းပပြီး သာသနာ့အာဇာနည်တွေ မွေးထုတ်ပေးနေပါတယ်။

ရွှေတိဂုံစေတီတော်   ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကလည်း   စေတိယင်္ဂဏ ပရိယတ္တိဓမ္မာနုဂ္ဂဟစာမေးပွဲ   ကျင်းပပြီးသာသနာ့အာဇာနည်  အရှင်သူမြတ်တွေကို  နှစ်စဉ်  မွေးထုတ်ပူဇော်ချီးမြှောက်နေပါတယ်''ဟု ဂေါပကအဖွဲ့ အလှည့်ကျ သဘာပတိ ဦးထွန်းထွန်းဦးက ပြောသည်။

အဆိုပါ  (၁ဝ၂)ကြိမ်မြောက်  စေတိယင်္ဂဏ ပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲတွင် စေတိယင်္ဂဏ ပရိယတ္တိ ဓမ္မာစရိယ ဂန္ထဝါစကဘွဲ့ရ အရှင်သူမြတ်နှစ်ပါး၊ စေတိယင်္ဂဏ အဘိဝံသဘွဲ့ရ အရှင်သူမြတ်ရှစ်ပါး ပေါ်ထွန်းခဲ့သည်။ စာအောင်သံဃာတော်များအား နဝကမ္မချီးမြှင့်ပူဇော်ငွေအဖြစ် သီးခြားစာချတန်း အောင်စဉ်(၁)အတွက် ငွေကျပ် ၃၂ သိန်း၊ အောင်စဉ်(၂)အတွက် ငွေကျပ် သိန်း ၃ဝ၊ သီးခြားစာသင်တန်း အောင်စဉ်(၁)အတွက် ငွေကျပ် ၂၇ သိန်း၊ အောင်စဉ်(၂)အတွက် ငွေကျပ် ၂၆ သိန်း၊ အောင်စဉ်(၃)အတွက် ငွေကျပ် ၂၅ သိန်း၊ အောင်စဉ်(၄)အတွက် ငွေကျပ် ၂၄ သိန်း၊ အောင်စဉ်(၅)အတွက် ငွေကျပ် ၂၃ သိန်း၊ အောင်စဉ်(၆)အတွက် ငွေကျပ် ၂၂ သိန်း၊ အောင်စဉ်(၇)အတွက် ငွေကျပ် ၂၁ သိန်း၊ အောင်စဉ်(၈)အတွက် ငွေကျပ် သိန်း ၂ဝ လှူဒါန်းခဲ့ကြောင်း သိရသည်။ 

ဝန်းရံခ

Read 36 times Last modified on Wednesday, 22 January 2020 13:08