SJ WorldNews - шаблон joomla Авто

ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ် ဘွဲ့လက်မှတ်အတု မပြုလုပ်နိုင်ရန် QR Code ထည့်သွင်းမည်

Friday, 24 January 2020 09:55 font size decrease font size decrease font size increase font size increase font size

ရန်ကုန်   နိုင်ငံခြားဘာသာ တက္ကသိုလ် ဘွဲ့လက်မှတ်များအား အတုမပြုလုပ်နိုင်ရန် QR  Codeထည့်သွင်းမည်ဖြစ်ကြောင်း  အဆိုပါတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်၏ ပြောကြားချက်အရ သိရသည်။

ရန်ကုန်နိုင်ငံခြား ဘာသာ တက္ကသိုလ် အတွင်း Student Database ၊ Staff Database နှင့်ွ Graduate Database များထပါဝင်သော အချက်အလက် သိမ်းဆည်းထားသည့် စနစ် (Database) တည်ဆောက်ထားပြီး  Graduate  Database တွင် တက္ကသိုလ်မှ ဘွဲ့ရရှိသူများ၏   သတင်းအချက်အလက်များကို သိမ်းဆည်းထားမည် ဖြစ်သည်။ ထို့ကြောင့် ဘွဲ့လက်မှတ် ပျောက်ဆုံးမှုရှိပါက အချိန်မဆိုင်းဘဲ ပြန်လည်ရယူနိုင်မည် ဖြစ်သော်လည်း မူရင်းဘွဲ့လက်မှတ် အတိုင်း မဟုတ်ဘဲ PDF အဖြစ်သာ ရရှိမည်ဖြစ်ကြောင်း၊  ယင်းကဲ့သို့ လုံခြုံရေးအဆင့် မြှင့်တင်ထားသည့်အတွက် ဘွဲ့လက်မှတ်ကို အတုပြုလုပ်၍ မရကြောင်း သိရသည်။

အဆိုပါတက္ကသိုလ်၌ တည်ဆောက်ထားသည့် Database ကိုလည်း ကျောင်းသား၊ ကျောင်းသူများ ၀င်ရောက်ကြည့်ရှုနိုင်မည် ဖြစ်ပြီး ယင်းကဲ့သို့ ၀င်ရောက်ကြည့်ရှုရာတွင် ၎င်းတို့၏ ပညာရေး အချက်အလက်များကို  တခြားသူများအား ပြသနိုင်မည့်အပြင် သက်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့်လည်း ၀င်ရောက်စစ်ဆေးနိုင်မည်ဖြစ်သည်။ ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ်၌  ၁၉၉၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ဘွဲ့ရရှိထားသူများ၏    သတင်းအချက်အလက်များကို Database  တွင် ထည့်သွင်းမည် ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်နောက်ပိုင်း  ဘွဲ့ရရှိသူများ၏  ဘွဲ့လက်မှတ်များတွင် QR Code စတင် ထည့်သွင်းမည်ဖြစ်ကြောင်း သိရသည်။     

Read 42 times Last modified on Friday, 24 January 2020 09:56