SJ WorldNews - шаблон joomla Авто

နတ်မတောင်ထိပ်သို့ ခြေကျင်လမ်းလျှောက် ပြိုင်ပွဲ ကျင်းပမည်

Saturday, 25 January 2020 13:58 font size decrease font size decrease font size increase font size increase font size

ချင်းပြည်နယ်အစိုးရအဖွဲ့ဦးဆောင်မှုဖြင့် ချင်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီနှင့် ဒေသခံ မြို့မိမြို့ဖတို့ပူးပေါင်း၍ ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များပိုမို ၀င်ရောက်လည်ပတ်လျက်ရှိသော ချင်းပြည်နယ်ေ တာင်ပိုင်း မင်းတပ်ခရိုင် ကန်ပက်လက်မြို့နယ် နတ်မတောင်ထိပ်သို့ ခြေကျင်လမ်းလျှောက် ပြိုင်ပွဲကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ချင်းပြည်နယ်ခရီးသွား လုပ်ငန်းမြှင့်တင်ရန်၊ လောက်နူးမြေ(ကန်ပက်လက်)ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကို ဖော်ထုတ်ရန်၊ နတ်မတောင်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရန်တို့ကို ရည်ရွယ်၍ နတ်မတောင်ဇလပ် ပန်းပွဲတော်ကို ဇန်န၀ါရီ ၂၅ ရက်မှ ၂၆ ရက်အထိ နှစ်ရက်ကြာကျင်းပမည်ဖြစ်ပြီး ဇန်န၀ါရီ ၂၆ ရက်တွင် နတ်မတောင်ထိပ်သို့ခြေကျင်လမ်း လျှောက်ပြိုင်ပွဲကို ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်း၊ ချင်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီမှ သိရသည်။

““ဒီပြိုင်ပွဲက ၁၀ မိုင်စခန်းကနေ နတ်မတောင် အမျိုးသား ဥယျာဉ်တောင်ထိပ် ကိုးမိုင်ခန့်အကွာထိ ခြေကျင်လမ်းလျှောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲကျင်းပရေး ကော်မတီက ပထမ၊ ဒုတိယ၊ တတိယနဲ့ နှစ်သိမ့်ဆုတွေကို ပေးအပ်သွားမှာဖြစ်ပါတယ်။ လာရောက်လည်ပတ်သူတွေ အနေနဲ့ ခြေကျင်လမ်းလျှောက် ပြိုင်ပွဲကို မည်သူမဆို ၀င်ရောက်ယှဉ်ပြိုင်လို့ရပါတယ်။ အဲဒီရက်ပိုင်းအတွင်းမှာ ဒေသခံ တိုင်းရင်းသား လူမျိုး ငါးစုရဲ့ ရိုးရာပြခန်းတွေပါမယ်။ ကံစမ်းမဲဖောက်ဖို့ အစီအစဉ်တွေလည်း ထည့်သွင်းထားပါတယ် ”” ဟု ချင်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ဟားခါးမြို့နယ် ဦးစီးမှူး ဦးပိုင်ဖြိုးကျော်ကပြောသည်။ အဆိုပါပွဲတော်ကာလအတွင်း မွင်း၊ ရာ့၊ ဒါးရင်ဒူး၊ ဒိုင်နှင့်ဥ(ပ်)ပူးလူမျိုးများ၏ ယဉ်ကျေးမှု ပြခန်းနှင့် ရိုးရာယဉ်ကျေးမှုဓလေ့များအား ဖော်ထုတ်ခြင်း အစီအစဉ်များ၊ နတ်မတောင်နှင့် တောင်ဇလပ်ပန်း ထိန်းသိမ်း စောင့်ရှောက်ခြင်း ဆိုင်ရာပြခန်း၊ ကဗျာ၊ ဆောင်းပါးနှင့် စာစီစာ ကုံးပြိုင်ပွဲများ၊ ရိုးရာလုံယူးကျောက်ပျဉ်ချီ ပွဲတော်အစီအစဉ်များ၊ ဒေသထွက်ထောပတ်သီးဟင်းလျာ ပြင်ဆင်ချက်ပြုတ်ခြင်းပြခန်း၊ ချင်းရိုးရာလက် ဆောင်ပစ္စည်းပြခန်း အပါအ၀င် တေးဂီတ အစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

Read 32 times Last modified on Saturday, 25 January 2020 14:01