SJ WorldNews - шаблон joomla Авто

ရိဒ်-တီးတိန် လမ်းအူကြောင်း အသစ်ကို ယခုနှစ်အတွင်း ဖောက်လုပ်မည်

Saturday, 25 January 2020 14:01 font size decrease font size decrease font size increase font size increase font size

မြန်မာ-အိန်္ဒိယ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတစ်ခုဖြစ်သည့် ချင်းပြည်နယ် ရိဒ်-တီးတိန် လမ်းအူ ကြောင်းအသစ်ကို အိန်္ဒိယနိုင်ငံအကူအညီဖြင့် ယခုနှစ်အတွင်း ဖောက်လုပ်မည်ဖြစ်ကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။““ရိဒ်-တီးတိန်လမ်းအဟောင်းက မကြာခဏဆိုသလို ယာဉ်တိမ်းမှောက်မှု တွေဖြစ်တယ်။ အဲဒီလမ်းက ၃၂ မိုင်ပဲရှိတယ်။

အခုဖောက်လုပ်မယ့် လမ်းအူကြောင်းအသစ်က ပြေပြေပြစ်ပြစ်လေးနဲ့ ကုန်စည်စီးဆင်းတဲ့လမ်းဆိုတော့ မိုင်လည်းရှည်မယ်။ လမ်းကောင်းဖို့လိုတယ်ဆိုပြီး လုပ်တာပါ။ အခုလမ်းအူကြောင်းအသစ်က ၆၂ မိုင် ရှိတယ်””ဟု ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်က ပြောသည်။ ယခုလက်ရှိ ရိဒ်-တီးတိန်လမ်းဟောင်းသည် တောင်တက်တောင်ဆင်းပေါများခြင်း၊ တောင်များ မတ်စောက်ခြင်းတို့ကြောင့် ယာဉ်တိမ်းမှောက်မှုများ မကြာခဏဖြစ်ပေါ်နေပြီး လမ်းကြောင်းသစ်ဖောက် လုပ်ရန်စီစဉ်ရခြင်းဖြစ်ကာ အဆိုပါလမ်းအူကြောင်းအသစ်ကို ပြီးခဲ့သည့် နှစ်ကတည်းက ကွင်းဆင်းတိုင်း တာမှုများ ပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

Read 36 times Last modified on Saturday, 25 January 2020 14:04