SJ WorldNews - шаблон joomla Авто

မြိတ်ဒေသထွက် ဇီဝဇိုးငှက်သိုက်ပေါင်း ကုန်ချော ထုတ်လုပ်ရန် နည်းပညာပိုင်း လိုအပ်

Saturday, 25 January 2020 14:04 font size decrease font size decrease font size increase font size increase font size

မြိတ်ဒေသတွင် အိမ်တွင်းတစ်ပိုင်တစ်နိုင် ထုတ်လုပ်နေသော ဇီဝဇိုးငှက်သိုက်ပေါင်းကို ကုန်ချောအဖြစ် ပြောင်းလဲပြီး ပြည်တွင်းပြည်ပဈေးကွက်သို့ ထိုးဖောက်နိုင်ရန်အတွက် နည်းပညာပိုင်းဆိုင်ရာ လိုအပ်နေ ကြောင်း သဘာဝငှက်သိုက် ထုတ်လုပ်သူများထံမှ သိရသည်။

မြိတ်မြို့နယ် ထားဝယ်စုရပ်ကွက်နေ My Birds Net ငှက်သိုက်ရောင်းဝယ်သူ ဦးဟန်မင်းစိုးက ““ဒီတစ်ပိုင် တစ်နိုင်ထုတ်လုပ်နေတဲ့ သဘာဝငှက်သိုက်ပေါင်းဘူးတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့လုပ်ငန်းရှင်တွေ အနေနဲ့ အစိုးရဆီမှာ နည်းပညာပိုင်းကို အကူအညီတောင်းခံဖို့ စီစဉ်နေပါတယ်။ မြိတ်မှာက ငှက်သိုက် ကုန်ကြမ်းတွေက အများကြီးထွက်ရှိနေပါတယ်။ တစ်ပိုင်တစ်နိုင် လုပ်ကိုင်သူတွေလည်း များလာတယ်။

 

ကုန်ကြမ်းမှကုန်ချောအဆင့်အထိ ပြောင်းလဲထုတ်လုပ်လိုက်မယ်ဆိုရင် ပြည်ပကတင်သွင်းနေရတဲ့ ငှက်သိုက် ဘူးတွေကို ဈေးကွက်ထိုးဖောက်နိုင်မှာဖြစ်ပါတယ်””ဟုပြောသည်။ မြန်မာနိုင်ငံ၌ တနင်္သာရီတိုင်းဒေသကြီး အတွင်းသာ အများဆုံးထွက်သော သဘာဝ ဇီဝဇိုးငှက်သိုက်မှာ မြိတ်ခရိုင်နှင့် ကော့သောင်း ခရိုင်ရှိ မြို့နယ် တို့မှာထွက်ရှိနေခြင်းဖြစ်ပြီး လက်ရှိတွင် သဘာဝအတိုင်း ထုတ်လုပ်နေသည့် ငှက်သိုက်ပေါင်းရည်ကို မြိတ် မြို့၌ ယခုနှစ်အတွင်း ဒေသတွင်းစားသုံးသူများအတွက် ရည်ရွယ်ကာ အများဆုံး ထုတ်လုပ်ရောင်းချလာ ကြသည်။

 

အဆိုပါငှက်သိုက်ဘူးများကို ရေစိမ်၊ ပေါင်းခံ၊ လက်ဖြင့်အမွေးနုတ်သန့်စင်ပြီး ထုတ်လုပ်နေခြင်းဖြစ်ကာ နိုင်ငံတော်အစိုးရက ပံ့ပိုးကူညီပေးလာပါက ထိုင်းနိုင်ငံနည်းတူ ခေတ်မီစက်ကြီးများဖြင့် ထုတ်လုပ်နိုင်ပြီး တာရှည်ထားခံခြင်း၊ အရည်အသွေးကောင်းသည့် ငှက်သိုက်ဘူးများကို မြန်မာနိုင်ငံ အနှံ့အပြားနဲ့ တရုတ်နိုင်ငံ အထိတင်ပို့နိုင်မည်ဟု လုပ်ငန်းရှင်များက မျှော်လင့်ထားကြသည်။

 

““ကျွန်မတို့ အခုလက်ရှိထုတ်နေတာက သဘာဝအတိုင်းပေါင်းခံပြီး ထုတ်လုပ်တာ ဖြစ်တယ်။ ကယ်မီ ကယ်လုံးဝပါဝင်ခြင်းမရှိပါဘူး။ ရေခဲသေတ်္တာထဲမှာအအေးခံပြီး ရောင်းရတာဖြစ်လို့ တစ်ပတ်လောက်ပဲ ခံပါ တယ်။ တကယ်လို့ အစိုးရက နည်းပညာပိုင်း အကူအညီတွေရရင် မြိတ်မှာစက်ရုံတွေဆောက်၊ တာရှည်ထား ခံတဲ့ နည်းပညာပိုင်းတွေရရင် ပြည်ပဈေးကွက်ကို ထိုးဖောက်နိုင်လိမ့်မယ်လို့ ယုံကြည်တယ်””ဟု သဘာဝငှက်သိုက်ဘူး တစ်ပိုင်တစ်နိုင် ထုတ်လုပ်သူ ဒေါ်ယုမော်ကပြောသည်။

 

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အထိ စာရင်းများအရ ဇီဝဇိုးငှက်ကို အိမ်တွင်မွေးမြူကာ ငှက်သိုက်ထုတ်လုပ်ရန် တနင်္သာရီတိုင်း ဒေသကြီး သစ်တောဌာနနှင့် စာချုပ်ချုပ်ထားသည့်အိမ်မှာ ၃၇၁ လုံးအထိသာရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

 

 

Read 45 times Last modified on Saturday, 25 January 2020 14:06