SJ WorldNews - шаблон joomla Авто

မန္တလေးကျုံးဘေး၌ တောရိုင်းတိရစ္တာန် အရုပ်များ ပြသထား

Monday, 27 January 2020 10:21 font size decrease font size decrease font size increase font size increase font size

တောရိုင်းတိရစ္ဆာန်များ ကာကွယ်ထိန်းသိမ်းရန်နှင့် တရားမ၀င် ရောင်းဝယ်ဖောက်ကားမှု တိုက်ဖျက်ရန်အတွက် အသိပညာပေးသည့် အနေဖြင့် မန္တလေးကျုံးဘေး၌ ရွှေရောင်စက္ကူများဖြင့် ပုံဖော်ဖန်တီးထားသည့် တောရိုင်း တိရစ္ဆာန်အရုပ်များ ပြသထားကြောင်း သိရသည်။

အဆိုပါရွှေရောင်စက္ကူများဖြင့် ပြုလုပ်ထားသည့် ဆင်၊ ကျားနှင့် သင်းခွေချပ် အရုပ်များကို မန္တလေး ကျုံးဘေးပလက်ဖောင်း၊ ၂၆ လမ်းပေါ်၊ ၇၁ လမ်းနှင့် ၇၂ လမ်းကြားတို့တွင် ဇန်န၀ါရီ ၂၅ ရက်မှ ၃၁ ရက်အထိ ပြသထားမည်ဖြစ်သည်။

ယင်းသို့ တောရိုင်းတိရစ္တာန်အရုပ်များ ပြသခြင်းသည် မြန်မာ့တောကောင်လေးများနှင့် အတူဆင်နွှဲခြင်း ခေါင်းစဉ်ဖြင့် မန္တလေးမြို့တွင် ကျင်းပမည့် Voices for Wildlife  Campaign၏ အသိပညာပေး အစီအစဉ် တစ်ခုဖြစ်သည်။

မြန်မာနိုင်ငံအတွင်း တောရိုင်းတိရစ္ဆာန်များ  တရားမ၀င် ရောင်းဝယ်ဖောက်ကား သတ်ဖြတ် ခံနေရမှုမှ ရပ်တန့်ရန် ပညာပေး အစီအစဉ်များ လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။     

Read 30 times Last modified on Monday, 27 January 2020 10:22