SJ WorldNews - шаблон joomla Авто

ကျောက်မောင်နှမ ကမ်းခြေတွင် အပန်းဖြေ ဧည့်သည်များဖြင့်စည်ကား

Monday, 27 January 2020 10:26 font size decrease font size decrease font size increase font size increase font size

ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်ခရိုင် အတွင်းရှိ ငွေဆောင်၊ ချောင်းသာ၊ ကျောက်မောင်နှမနှင့် ရွှေသောင်ယံ စသည့် ကမ်းခြေတို့သည်   တစ်ဆက်တစ်စပ်တည်းရှိပြီး ချောင်းသာ၊ ကျောက်မောင်နှမနှင့် ရွှေသောင်ယံ ကမ်းခြေ တို့သည် ကမ်းခြေတစ်ခုနှင့် တစ်ခု ပိုမိုနီးစပ်မှုရှိသည်။ အဆိုပါကမ်းခြေများ အနက် ငွေဆောင်နှင့် ချောင်းသာကမ်းခြေ တို့သည် နာမည်ရပြီးသား ကမ်းခြေများဖြစ်ပြီး ကျောင်းပိတ်ရက်၊   ရုံးပိတ်ရက်တို့တွင် ဧည့်သည်များဖြင့် စည်ကားလျက်ရှိသည်။

““အခုဆိုရင်   ချောင်းသာနဲ့ အနီးဆုံး ဖြစ်တဲ့ ကျောက်မောင်နှမ ကမ်းခြေမှာလည်း စနေ၊ တနင်္ဂနွေနေ့တိုင်း အနယ်နယ်အရပ်ရပ်မှ အပန်းဖြေဧည့်သည်တွေ လာရောက် အနားယူကြပါတယ်။ထိုနည်းတူစွာ  ရွှေသောင်ယံ ကမ်းခြေမှာလည်း  ချောင်းသာကိုဆင်းလည်တဲ့ ဧည့်သည်တွေက သုံးဘီးယာဉ်တွေ၊ ကိုယ်ပိုင်မော်တော်ယာဉ်တွေနဲ့  စနေ၊ တနင်္ဂနွေလို ကျောင်းပိတ်ရက်၊ ရုံးပိတ်ရက်တွေမှာ လာရောက်လည်ပတ်ကြပါတယ်””ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါကမ်းခြေများ၌ ဧည့်သည်များကို အမှီပြုပြီး  ရောင်းချနေသော ဈေးဆိုင်များ၊ မြင်းငှားသမားများ၊ ဆင်သမားများနှင့် လေးဘီး ဆိုင်ကယ်သမားများမှာလည်း အဆင်ပြေလျက်ရှိသည်။

ကမ်းခြေလုံခြုံရေးအတွက် စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့များကို ဖွဲ့စည်းထားပြီး ကမ်းခြေတွင် ရောင်းချသော ဈေးသည်များ စည်းစနစ်တကျ ရောင်းချနိုင်ရန်၊ မြင်းသမားများ၊ ဆင်သမားများ၊ လေးဘီးဆိုင်ကယ်များ၊ စည်းကမ်းတကျ ငှားရမ်းဆောင်ရွက်နိုင်ရန်၊ လာရောက်အပန်းဖြေသော ဧည့်သည်များ စိတ်လက်ကြည်သာစွာ အပန်းဖြေနိုင်ရန်၊    ကမ်းခြေသန့်ရှင်း သာယာလှပမှု ရှိစေရန်အတွက်  အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း  စည်းကမ်းထိန်းသိမ်းရေး အဖွဲ့များက ကမ်းခြေတစ်လျှောက် ကြပ်မတ်ဆောင်ရွက်မှုများ လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

Read 30 times Last modified on Monday, 27 January 2020 10:27