SJ WorldNews - шаблон joomla Авто

အသက် ၈၅ နှစ်နှင့်အထက် အဘိုးအဘွားများအား ထောက်ပံ့ငွေများ ပေးအပ်

Monday, 27 January 2020 10:35 font size decrease font size decrease font size increase font size increase font size

အသက် ၈၅ နှစ်နှင့်အထက် အဘိုး၊ အဘွားများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့်  အသက်နှစ်နှစ်အောက်ကလေးများအား ပထမအကြိမ် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို  ဇန်န၀ါရီ  ၂၅ ရက်က  ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ရွှေဂွန်းကျေးရွာ အထက်ဘုန်းတော်ကြီး ကျောင်း၌ ကျင်းပသည်။

အခမ်းအနားတွင်  ကရင်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးစောချစ်ခင်က အဖွင့်အမှာစကား ပြောကြားပြီး အဘိုး၊ အဘွား ၅၁ ဦးအတွက်   ထောက်ပံ့ငွေကျပ် ၁၅၃၀၀၀၀၊ ကိုယ်ဝန်ဆောင်မိခင် ၉၄ ဦးနှင့် အသက်နှစ်နှစ်အောက် ကလေးငယ် ၁၉၉ ဦးအတွက် ထောက်ပံ့ငွေကျပ် ၁၃၁၈၅၀၀၀ ကို ကရင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ   ဦးစောချစ်ခင်ကရွှေဂွန်းကျေးရွာ အုပ်ချုပ်ရေးမှူးထံ  လွှဲပြောင်းပေးအပ်သည်။

ထို့နောက် ထောက်ပံ့ငွေများကို တာဝန်ရှိသူများက ပြည်သူများ လက်ဝယ်အရောက် အသီးသီးပြန်လည်ပေးအပ်ကြသည်။

အခမ်းအနားတွင် ကရင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကိုယ်ဝန်ဆောင် မိခင်များ တက်ရောက်ကြကြောင်း သိရသည်။

Read 47 times Last modified on Monday, 27 January 2020 10:36