SJ WorldNews - шаблон joomla Авто

မြန်မာ-ဂျပန် အသင်းမှ ၂၀၂၀ ပညာသင်နှစ်အတွက် တက္ကသိုလ် ပညာသင်ဆုချီးမြှင့်

Tuesday, 11 February 2020 10:53 font size decrease font size decrease font size increase font size increase font size

မြန်မာ-ဂျပန်အသင်း (Myanmar Japan  Association-MJA) မှ ကြီးမှူး ကျင်းပသည့် မြန်မာ-ဂျပန်အသင်း၏၂၀၂၀ ပညာသင်နှစ်အတွက် တက္ကသိုလ် ပညာသင်ဆု ရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲကို ဖေဖော်ဝါရီ ၉ ရက်က ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် အင်းလျားလမ်းရှိ စိမ်းလန်းစိုပြည် ဥယျာဉ်၌ ကျင်းပသည်။

ရှေးဦးစွာ မြန်မာ-ဂျပန်အသင်း ဥက္ကဋ္ဌ ဦးစောလှမင်းက အဖွင့်အမှာစကား ပြောကြားပြီး  တက်္ကသိုလ်ပညာသင်ဆု ရရှိကြသည့်  ကျောင်းသား၊  ကျောင်းသူများအား မြန်မာ-ဂျပန်အသင်း ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် ဗဟိုအလုပ် အမှုဆောင်များက ဆုများ အသီးသီး ပေးအပ်ချီးမြှင့်သည်။  ထို့နောက်  မြန်မာ-ဂျပန် အသင်း၏  ထူးချွန်ကျောင်းသား၊ ကျောင်းသူများ ပြန်လည်တွေ့ဆုံပွဲ ခရီးစဉ်- ၂၀၁၉ (MJA Outstanding Students Reunion Tour-2019) တွင် တာဝန်ပေးအပ်ခဲ့သည့် Personal and Pro-fessional Development Report နှင့် စပ်လျဉ်း၍ အသင်းအလုပ် အမှုဆောင် ဦးသန်းထွဋ်က ရှင်းလင်းတင်ပြပြီး အစီရင်ခံစာ တင်သွင်းသူများအနက် ဆုရရှိသူများအား ဆုများချီးမြှင့်သည်။

ယင်းနောက် ဂျပန်နိုင်ငံ ဖူကူအိုကာမြို့၌ ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ လူငယ်များ နွေရာသီစခန်းချပွဲ Bridge Summer Camp 2020-Japan)သို့ မြန်မာနိုင်ငံမှ Junior Ambassador အဖြစ် ပါဝင်တက်ရောက်ရန် ရွေးချယ်ခြင်း ခံရသည့် ကျောင်းသား၊ ကျောင်းသူလေးဦးအား ရွေးချယ်ခံဆုလက်မှတ်ကို APCC ၏ Liaison Officer အသင်း အတွင်းရေးမှူး ဒေါက်တာဌေးလွင် ကချီးမြှင့်ပြီး မြန်မာ-ဂျပန်အသင်း ဥက္ကဋ္ဌ ဦးစောလှမင်း၏ ကျွန်တော်၏ သံတမန်ခရီး စာအုပ်ကို တက္ကသိုလ်စာကြည့်တိုက်များသို့ ပေးအပ် လှူဒါန်းခဲ့သည်။

မြန်မာ-ဂျပန်အသင်း၏ ၂၀၂၀ ပညာသင်နှစ်အတွက်  တက္ကသိုလ်ပညာသင်ဆု ရရှိသည့် ကျောင်းသား၊ ကျောင်းသူများတွင် ရန်ကုန်ပညာရေး တက္ကသိုလ်မှ ၁၅ ဦး၊ ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ်မှ ၁၅  ဦး၊  ရန်ကုန်သူနာပြု တက္ကသိုလ်မှ ငါးဦး၊ ရန်ကုန်နည်းပညာ တက္ကသိုလ်မှ ခုနစ်ဦး၊  အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်မှငါးဦး၊ ရန်ကုန်စီးပွားရေး တက္ကသိုလ်မှ ၁၀ ဦးပါဝင်သည်။

ပညာသင်ဆုချီးမြှင့်ရာတွင် ကျောင်းသားတစ်ဦးလျှင်  ငွေကျပ် ငါးသိန်းနှုန်းချီးမြှင့်ခြင်း ဖြစ်သော်လည်း ဖေဖော်ဝါရီ ၉ ရက်က ပထမအရစ်အဖြစ် တစ်ဦးလျှင် ငွေကျပ် သုံးသိန်းနှုန်း ချီးမြှင့်ခဲ့ပြီး  ပထမနှစ်ဝက် စာမေးပွဲဖြေဆိုပြီးချိန်တွင်  ဒုတိယအရစ် အဖြစ် တစ်ဦးလျှင် ငွေကျပ်နှစ်သိန်းနှုန်းဖြင့် ပညာသင်ထောက်ပံ့ကြေး ဆက်လက်ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

Read 33 times Last modified on Tuesday, 11 February 2020 10:54