SJ WorldNews - шаблон joomla Авто

မော်စကိုမြို့၌ ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ ခရီးသွားပြပွဲတွင် မြန်မာနိုင်ငံမှ ၀င်ရောက်ပြသမည်

Tuesday, 11 February 2020 11:31 font size decrease font size decrease font size increase font size increase font size

ရုရှားနိုင်ငံ မော်စကိုမြို့၌ မတ် ၁၇ ရက်မှ ၁၉ ရက်အထိ ကျင်းပမည့် အပြည် ပြည်ဆိုင်ရာ ခရီးသွားပြပွဲသို့  မြန်မာနိုင်ငံမှ သွားရောက်၍    မြန်မာ့ခရီးသွား ကဏ္ဍအတွင်း  ဈေးကွက်မြှင့်တင်နိုင်ရေး  လုပ်ဆောင်မည်ဖြစ်ကြောင်း  မြန်မာနိုင်ငံ ခရီး သွား လုပ်ငန်းရှင်များ အသင်းမှ သိရသည်။

ယင်းပြပွဲတွင် မြန်မာနိုင်ငံမှ  ခရီးသွား လုပ်ငန်း ကုမ္ပဏီများ၊ ဟိုတယ်များ၊ လေ ကြောင်းလိုင်းများ ပါဝင်ပြသရန်  စီစဉ်နေပြီး   မြန်မာ့ရိုးရာ အစားအသောက်များ၊  ရိုးရာယဉ်ကျေးမှု အနုပညာများကိုလည်း ပြသကာ ခရီးသွား ဧည့်သည်များ  စိတ်ဝင်စားစေရန်  စီစဉ်ထားကြောင်း  သိရသည်။

““အဓိကကတော့  ဟိုကနေ ဖိတ်ကြားတာလည်း ပါပါတယ်။ ဒီလိုခရီးသွားပြပွဲကို သွားရောက်ပြီး  မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းကဏ္ဍ တိုးတက်မြင့်မားစေဖို့ ရည်ရွယ်လုပ်ဆောင်တာ ဖြစ်ပါတယ်”” ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်း ခရီးသွားမြှင့်တင်ရေးနှင့် ဈေးကွက်ရရှိရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာအောင်မြတ်လွင် ကပြောသည်။

ခရီးသွားပြပွဲတွင် နိုင်ငံတကာမှ ခရီးသွားလုပ်ငန်းများ၊ ကုမ္ပဏီများ၊ လေကြောင်းလိုင်းများ စသည်ဖြင့် ခရီးသွားလုပ်ငန်း ကဏ္ဍနှင့် ဆက်စပ်နေသော နယ်ပယ်အသီးသီးမှ တာဝန်ရှိသူများလည်း လာရောက်ကြမည် ဖြစ်သည့်အတွက် မြန်မာနိုင်ငံ၏ ခရီးသွား လုပ်ငန်းကဏ္ဍကို မြှင့်တင်နိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် မြန်မာ့ရေမြေတောတောင် သဘာဝ အလှအပများဖြင့် ခရီးသွားများ စိတ်ဝင်စားစေရန်  ထိုးဖောက်ချပြနိုင်သော  အခွင့် အလမ်းများစွာလည်း   ရရှိလာမည်ဖြစ်ကြောင်း သိရသည်။

အသင်းအနေဖြင့် ခရီးသွားလုပ်ငန်း ကဏ္ဍတွင် ဈေးကွက်ဝေစု ကျယ်ပြန့်စွာ ရရှိစေရန်  လုပ်ဆောင်နေသကဲ့သို့ ၀န်ဆောင်မှုအပိုင်းတွင်လည်း  တိုးတက်မြင့်မားစေရေး   အစီအစဉ်များ    ရေးဆွဲဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

Read 28 times Last modified on Tuesday, 11 February 2020 11:32