SJ WorldNews - шаблон joomla Авто

အလောင်းတော်ကဿပ အမျိုးသား ဥယျာဉ်အတွင်း ပညာပေး ပြခန်းများ ဖွင့်လှစ်ပြသ

Tuesday, 11 February 2020 11:36 font size decrease font size decrease font size increase font size increase font size

စစ်ကိုင်းတိုင်းဒေသကြီး  ကနီမြို့နယ် အလောင်းတော်ကဿပ အမျိုးသား ဥယျာဉ်အတွင်းရှိ သပိတ်ဆေးစခန်းနှင့် အလောင်းတော်ကဿပ ရုပ်ကလာပ်တော် တည်ရှိရာ ရင်ပြင်တော်တို့၌ ဘုရားဖူးဧည့်သည်များ ၀င်ရောက်လေ့လာနိုင်ရန် အလောင်းတော် ကဿပအမျိုးသား ဥယျာဉ်နှင့်ပတ်သက်သည့် အသိပညာပေး ပြခန်းနှစ်ခုကို ဘုရားဖူးရာသီအတွင်း ဖွင့်လှစ်ပြသပေးလျက် ရှိကြောင်း သိရသည်။

အလောင်းတော်ကဿပ ရုပ်ကလာပ်တော်ကြီးသို့  လာရောက်ဖူးမြော်ကြသည့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးဧည့်သည်များ ဘုရားဖူးလာရောက်စဉ် အမျိုးသား ဥယျာဉ်အတွင်းရှိ သဘာဝအလျောက် ပေါက်ရောက်လျက်ရှိသော   သစ်ပင် အမျိုးအစားများ၊  သစ်တောအမျိုးအစားများ၊ ၎င်းတောများအတွင်း  သဘာဝအလျောက်  ကျင်လည် ကျက်စားလျက်ရှိသော တောရိုင်းတိရစ္ဆာန်များကို လေ့လာသိရှိနိုင်ရန်နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများကို    အများပြည်သူ စိတ်ဝင်စားလာစေရန် ပြခန်းများ ဖွင့်လှစ်ပြသခြင်းဖြစ်သည်။

အလောင်းတော်ကဿပ အမျိုးသားဥယျာဉ် အသိပညာပေး ပြခန်းများ၌ မြန်မာနိုင်ငံတွင်ရှိသော အာဆီယံ အမွေအနှစ် စာရင်းဝင်ဥယျာဉ်များ၊ ထိန်းသိမ်းရေး နယ်မြေများဖြစ်သော အမျိုးသားဥယျာဉ်၊ သဘာဝတော၊ ဘေးမဲ့တောများ၊ အမျိုးသားဥယျာဉ်အတွင်း  ပေါက်ရောက်လျက်ရှိသော သစ်တောအမျိုးအစားများ၊ ၎င်းသစ်တော အမျိုးအစားအလိုက် ကျင်လည်ကျက်စားလျက်ရှိသော  တောရိုင်းတိရစ္ဆာန်များကို ကင်မရာထောင်ချောက်ဖြင့် မှတ်တမ်းတင်ထားသော ဓာတ်ပုံများ၊    ဆေးရည်စိမ် အကောင်များကို ပြသထားကြောင်း သိရသည်။ 

Read 36 times Last modified on Tuesday, 11 February 2020 11:37