SJ WorldNews - шаблон joomla Авто

(၇၃) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အပြေးပြိုင်ပွဲကျင်းပ

Thursday, 13 February 2020 09:40 font size decrease font size decrease font size increase font size increase font size

ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် Pocari Sweat တို့ ပူးပေါင်းကျင်းပသည့် (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အပြေးပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၁ ရက်က ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်ရှိ ကျိုက္ကဆံ အားကစားကွင်း၌ ကျင်းပသည်။

အစီအစဉ်အရ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ  ဦးလင်းနိုင်မြင့်နှင့် တာဝန်ရှိသူတို့က အလံများ ဝှေ့ယမ်း၍ တာလွှတ်ပေးပြီး အပြေးပြိုင်ပွဲဝင် အားကစားသမားများသည် တာလွှတ်ပေးသည် နှင့်    သတ်မှတ်လမ်းကြောင်း ဖြစ်သည့် ကျိုက္ကဆံအားကစားကွင်းမှ အရှေ့မြင်းပြိုင်ကွင်းလမ်း၊  မြောက်မြင်းပြိုင်ကွင်းလမ်း၊ ယင်းမှ စက်မှု (၁) လမ်း၊ ကမ္ဘာအေးဘုရားလမ်း၊ တက္ကသိုလ်ရိပ်သာလမ်းသစ်မှ ဆရာစံလမ်း၊ မြောက်မြင်းပြိုင်ကွင်း လမ်းအတိုင်း၊  ယင်းမှတစ်ဆင့် ကျိုက္ကဆံအားကစားကွင်းသို့   ပြန်လည် ပန်းဝင်ခဲ့ကြသည်။

ထို့နောက်  ဆုချီးမြှင့်ပွဲကို  ဆက်လက်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူ တို့က အပြေးပြိုင်ပွဲတွင်   ဆုရရှိသူများအား  ဆုများ အသီးသီး ပေးအပ်ချီးမြှင့်သည်။

(၇၃)  နှစ်မြောက်   ပြည်ထောင်စုနေ့ အထိမ်းအမှတ် အပြေးပြိုင်ပွဲတွင်  ရန်ကုန်တိုင်းဒေသကြီးရှိ  အခြေခံပညာ ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ ၂ဝဝဝ  ခန့်  ဝင်ရောက်ယှဉ်ပြိုင်ကြောင်း   သိရသည်။

ဝန်းရံခ

Read 18 times Last modified on Thursday, 13 February 2020 09:41